← Ecclesiastes (9/12) → |
1. | အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ၊ ဘုရားသခင်၏ လက်တော်၌ ရှိကြ၏။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင်။ |
2. | ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရား သောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏။ |
3. | နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်း နည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက် ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွားတတ်ကြ၏။ |
4. | အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေး သောသူသည် မြော်လင့်စရာရှိ၏။ အသက်ရှင်သောခွေး သည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။ |
5. | အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်း မေ့လျော့တတ် ကြ၏။ |
6. | သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက် ပျက်၏။ နေအောက်မှာ ပြုသမျှသောအမှု၌ သူတပါးနှင့် ရောနှော၍ မဆိုင်ရ။ |
7. | သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။ |
8. | သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီမခန်းမခြောက်စေနှင့်။ |
9. | နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။ |
10. | ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။ |
11. | တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။ |
12. | လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။ |
13. | နေအောက်မှာ ငါတွေ့မြင်၍ ချီးမွမ်းဘွယ်သော ပညာဟူမူကား၊ |
14. | မြို့သားနည်းသောမြို့ငယ်တမြို့ရှိ၏။ ကြီးသော ရှင်ဘုရင်တပါးသည်လာ၍၊ ထိုမြို့ပြင်မှာ ကြီးစွာသော တပ်တို့ကို တည်၍ဝိုင်းထား၏။ |
15. | ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတယောက် သည် မိမိပညာအားဖြင့် ထိုမြို့ကို ကယ်တင်၏။ သို့သော် လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှ မအောက်မေ့။ |
16. | ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက် သာ၍ ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နား မထောင်တတ်ကြ။ |
17. | အုပ်စိုးသောသူသည် မိုက်သောသူတို့တွင် ကြွေး ကြော်သောအသံကို နားထောင်ကြသည်ထက်၊ ငြိမ်ဝပ် ရာ၌ ပညာရှိပြောသောစကားကို သာ၍နားထောင်တတ် ကြ၏။ |
18. | ပညာသည် စစ်လက်နက်ထက်သာ၍ ကောင်း မြတ်၏။ ဒုစရိုက်ကိုပြုသောသူသည်လည်း၊ ကောင်းသော အမှုများကို ဖျက်ဆီးတတ်၏။ |
← Ecclesiastes (9/12) → |