← Ecclesiastes (8/12) → |
1. | အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲသောအနက်ကို အဘယ်သူနားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်းစေတတ်၏။ ထိုသူ၏ မျက်နှာသည် အထူး သဖြင့် ရဲရင့်သောအဆင်းရှိတတ်၏။ |
2. | ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။ |
3. | သမ္မာသတိလစ်၍ အထံတော်မှမထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည် အတိုင်း စီရင်တော်မူမည်။ |
4. | ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ် တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုရာ သနည်း။ |
5. | အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည်။ ပညာရှိသောသူ၏ စိတ်နှလုံးသည်လည်း၊ ကာလအချိန်ကို၎င်း၊ စီရင်ရသောအခွင့်ကို၎င်း သိမြင် တတ်၏။ |
6. | လူကြံစည်သမျှအဘို့၊ ကာလအချိန်နှင့် စီရင်ရ သော အခွင့်ရှိ၏။ သို့သော်လည်း၊ လူသည် အလွန်ဆင်းရဲ ခြင်းကို ခံရ၏။ |
7. | နောက်ဖြစ်လတံ့သောအရာကိုမသိ။ အဘယ်သို့ ဖြစ်လတံ့သည်ကို တစုံတယောက်မျှမပြောနိုင်ရာ။ |
8. | နံဝိညာဉ်ကို အစိုးရ၍ ချုပ်ထားနိုင်သော လူတ ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့်မရှိ။ ဒုစရိုက်ကို ပြုသော် လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနှုတ်နိုင်။ |
9. | ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ။ နေ အောက်မှာပြုလေသမျှတို့ကို ဆင်ခြင်ပြီ။ မိမိအကျိုးပျက် အောင် တယောက်ကိုတယောက် အုပ်စိုးသောအချိန် လည်း ရှိ၏။ |
10. | ထိုမှတပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွား လာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မပြုဘူးသောမြို့၌ သူတို့ကိုအဘယ်သူမျှ မအောက် မေ့ကြောင်းကို၎င်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ |
11. | အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။ |
12. | အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့ သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။ |
13. | အဓမ္မလူကား၊ ဘုရားသခင်ရှေ့တော်၌ မ ကြောက် မရွံ့သောအကြောင့်၊ ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်လည်းမရှည်ရ။ |
14. | မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှု တပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက် သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကို ခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူ ပြုသောအမှု ကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကိုခံရကြ၏။ ထိုအမှုရာသည်လည်း အနတ္တဖြစ် သည်ဟု ငါ့သဘောရှိ၏။ |
15. | ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက် ခြင်း၊ ပျော်မွေ့ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသော အသက်ကာလ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။ |
16. | လူအချို့တို့သည် တနေ့နှင့်တညဉ့်လုံး မအိပ်ဘဲ နေတတ်သည်ဖြစ်၍၊ ပညာတရားကို သိခြင်းငှါ၎င်း၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှါ၎င်း၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော်၏။ |
17. | ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍ စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။ |
← Ecclesiastes (8/12) → |