← Deuteronomy (25/34) → |
1. | လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူ ကို အပြစ်လွတ်စေခြင်းငှာ၎င်း၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ၎င်း စီရင်ရမည်။ |
2. | ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူ ကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကို ချ၍၊ အပြစ်နှင့် အလျောက် မည်မျှသော ဒဏ်ချက်ဖြင့် ရိုက်စေရမည်။ |
3. | သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန် စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့် ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။ |
4. | စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။ |
5. | အတူနေသော ညီအစ်ကို တို့တွင်၊ တစုံတ ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ ၏ မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်း ကို မပြုရ။ သူ၏လင်ညီသည် သူ့ကို သိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကို ပြုရမည်။ |
6. | ဣသရေလအမျိုး၌ အစ်ကိုအမည်ကို မပျောက် စေခြင်းငှာ၊ အဦးဘွားသော သားသည် သေသောဘကြီး ၏ အရိပ်အရာကို ခံရမည်။ |
7. | ညီသည် အစ်ကိုမယားကို မယူလိုလျှင်၊ မိန်းမ သည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ ကျွန်မ ၏ လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင်၊ |
8. | မြို့၌ အသက်ကြီးသူတို့သည် ထိုသူကို ခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွန်ုပ် မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်၊ |
9. | သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏ မျက်နှာ၌ တံထွေးထွေးလျက်၊ မိမိအစ်ကို အိမ်ကို မဆောက်လိုသောသူ၌ ဤသို့ ပြုသင့်သည်ဟု သူ့အား ပြန်ပြောရမည်။ |
10. | နောက်မှ၊ ထိုသူကို ခြေနင်းချွတ်ရသော အမျိုးဟူ၍ ဣသရေလအမျိုး၌ ခေါ်ဝေါ်သမုတ်ရမည်။ |
11. | လူချင်းခိုက်ရန်ပြုကြစဉ်တွင်၊ တယောက်သော သူ၏မယားသည် အပါးသို့ချဉ်း၍ မိမိလင်ကို ကူညီလို သောငှာ ခိုက်ရန်ပြုသော သူ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲမိလျှင်၊ |
12. | ထိုမိန်းမလက်ကို ဖြတ်ရမည်။ သင်၏ မျက်စိ သည် သူ့ကို မသနားရ။ |
13. | သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအ လေးတည်းဟူသော ခြားနားသော အလေးကို မရှိစေရ။ |
14. | သင့်အိမ်၌ ခြားနားသော ခြင်စရာတန်ဆာ အကြီးအငယ်ကို မရှိစေရ။ |
15. | သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ သင်၏အသက် တာရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သောခြင်စရာ တန်ဆာ များကိုသာ သုံးရမည်။ |
16. | အထက်ဆိုခဲ့ပြီးသော အမှုကို ပြုသောသူအ ပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ ၏။ |
17. | သင်သည် အဲဂုတ္တုပြည်မှ ထွက်၍ ခရီးသွား သောအခါ၊ |
18. | သင်သည် အားကုန်၍ မောလျက်နေစဉ်တွင်၊ သင့်နောက်၌ လိုက်သောသူ၊ အားနည်းသော သူတို့ကို အာမလက် အမျိုးသားတို့သည် လမ်း၌ ဆီးကြို၍ လုပ်ကြံ ကြောင်းကို၎င်း၊ ဘုရားသခင်ကို မကြောက်ရွံ့ကြောင်းကို ၎င်း၊ အောက်မေ့လော့။ |
19. | သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်အမွေခံစရာဘို့ အပိုင်ပေးတော်မူသောပြည်၌ သင့်ပတ်လည်၌ နေသောရန်သူအပေါင်းတို့၏ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးတော်မူသောအခါ၊ အာမလက် အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ၊ ကောင်းကင် အောက်၌ သုတ်သင်ပယ်ရှင်းရမည်။ ထိုအမှုကို မမေ့ မလျော့ရ။ |
← Deuteronomy (25/34) → |