← Deuteronomy (21/34) → |
1. | သင်၏ဘုရားသခင် ထာဝရဘုရား အပိုင်ပေး တော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေ ကောင်ရှိသည်ကို တွေ့၍၊ အဘယ်သူသတ်သည်ကို မသိ လျင်၊ |
2. | သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။ |
3. | အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက် ကြီးသူတို့သည် ထမ်းဘိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဘူး သေးသော နွားသငယ်ကို ယူ၍၊ |
4. | လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ် သော ချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွား လည်ပင်းကို ဖြတ်ပြီးမှ၊ |
5. | သင်၏ဘုရားသခင် ထာဝရဘုရား အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း ရွေးချယ်တော် မူသော လေဝိသား ယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။ |
6. | အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူ အပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်း ဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကို ဆေးလျက်၊ |
7. | ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့ မျက်စိသည် မမြင်။ |
8. | အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော် ၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက် သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကို သတ်သော အပြစ်လွတ်လိမ့်မည်။ |
9. | ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သော သူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။ |
10. | သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဘမ်းယူသောအခါ၊ |
11. | ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမ ကို မြင်၍ စုံဘက်ခြင်းငှာ အလိုရှိလျှင်၊ |
12. | သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက်၊ |
13. | ဘမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌ နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဘက်၍ သူသည် သင်၏မယား ဖြစ်မည်။ |
14. | နောက်တဖန် သူ့ကို မချစ်လျှင်၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချ သောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။ |
15. | လင်ချစ်သော မယား၊ မုန်းသော မယားနှစ် ယောက်တို့သည် သားကိုဘွား၍၊ အဦးဘွားသော သားသည် မုန်းသောမယား၏ သားဖြစ်လျှင်၊ |
16. | ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏ သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏ သားကို သားဦးအရာ၌ မချီးမြှောက်ရ။ |
17. | မုန်းသောမယား၏ သားသည် သားဦးဖြစ်သည် ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည် အဘ၏ ခွန်အားအစဦး ဖြစ်၏။ သားဦးအရိပ်အရာနှင့် ဆိုင်ပေ၏။ |
18. | အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘော ရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊ |
19. | မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင်၊ |
20. | အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင် သောသူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသော သူ ဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆို ရမည်။ |
21. | မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။ |
22. | သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊ |
23. | အသေကောင်ကို သစ်တိုင်၌ တညဉ့်လုံးမထား ရ။ ထိုနေ့ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည်။ |
← Deuteronomy (21/34) → |