← 2Chronicles (24/36) → |
1. | ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော် ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။ |
2. | ယဇ်ပုရောဟိတ်ယောယဒလက်ထက် ကာလပတ် လုံး၊ ယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသော အမှုကို ပြု၏။ |
3. | ယောယဒပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဘက်၍ သားသမီးတို့ကို မြင်ရ၏။ |
4. | ထိုနောက်မှ၊ ယောရှသည် ဗိမာန်တော်ကို ပြုပြင်မည် အကြံရှိလျက်၊ |
5. | ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ၍၊ သင်တို့ဘုရား သခင်၏အိမ်တော်ကို ပြုပြင်ခြင်းငှါ၊ ယုဒမြို့ တို့ကို လှည့်လည်သဖြင့်၊ နှစ်တိုင်းအစဉ် ဣသရေလ လူအပေါင်းတို့မှ ငွေကိုခံယူ၍၊ အမှုပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့်တော်မူ၏။ သို့သော်လည်း၊ လေဝိသားတို့သည် မကြိုးစားဘဲနေကြ၏။ |
6. | တဖန်ရင်သည် ယဇ်ပုရောဟိတ်အကြီး ယောဒ ကို ခေါ်၍၊ သက်သေခံတော်မူချက် တဲတော်အဘို့၊ ထာဝရဘုရား၏ကျွန် မောရှေနှင့် စည်းဝေးရာ ဣသ ရေလပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့မည်အကြောင်း၊ အဘယ်ကြောင့် မမှာ ထားဘဲနေသနည်းဟု မေးတော်မူ၏။ |
7. | အဓမ္မမိန်းမအာသလိ၏သားတို့သည် ဗိမာန် တော်ကို ဖြိုဖျက်၍၊ ဗိမာန်တော်၌ ပူဇော်သော ဘဏ္ဍာ ရှိသမျှတို့ကိုလည်း ဗာလဘုရားတို့အား ပူဇော်ကြ၏။ |
8. | ရှင်ဘုရင်အမိန့်တော်အတိုင်း သေတ္တာကိုလုပ်၍၊ ဗိမာန်တော်ပြင်၊ တံခါးနားမှာ ထားကြ၏။ |
9. | ဘုရားသခင်၏ကျွန် မောရှေသည်တောမှာ ဣသရေလအမျိုး၌ ငွေခွဲသည်အတိုင်း၊ ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌ ကြော်ငြာကြ၏။ |
10. | မင်းများနှင့်ပြည်သူပြည်သားများ အပေါင်းတို့ သည်၊ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့၍၊ လက် စသတ်သည်တိုင်အောင် သေတ္တာထဲသို့ သွင်းထားကြ၏။ |
11. | ထိုသေတ္တာကို လေဝိသားတို့သည် ဘဏ္ဍာတော် တိုက်ထဲသို့သွင်း၍၊ ငွေများသည်ကို သိမြင်လျှင်၊ ရှင်ဘုရင် ၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်း၏စာရေး သည်လာ၍၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာကို သူ့နေရာ၌ ထားပြန်၏။ ထိုသို့နေ့တိုင်းပြု၍ များစွာသောငွေကို စုထားကြ၏။ |
12. | ရှင်ဘုရင်နှင့်ယောယဒသည် ဗိမာန်တော်၏ အမှုတော်စောင့်တို့၌ ထိုငွေကိုအပ်၍ ဗိမာန်တော်ကို ပြုပြင်စေခြင်းငှါ၊ ပန်းရန်သမား၊ လက်သမား၊ ပန်းပဲသမား၊ ပန်းတဉ်းသမား တို့အား ပေးဝေကြ၏။ |
13. | အလုပ်လုပ်သော သူတို့သည် ကြိုးစား၍ ပြုပြင် သဖြင့်၊ ဗိမာန်တော်ကို ပကတိအဖြစ်၌ ခိုင်ခံ့စေကြ၏။ |
14. | လက်စသတ်သောအခါ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ ယူခဲ့၍၊ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေဖလား၊ ငွေဖလား၊ ဇွန်းများကိုလုပ်ကြ၏။ ယောယဒ လက်ထက်ကာလပတ်လုံး၊ ဗိမာန်တော်၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။ |
15. | ယောယဒသည် အို၍ကာလပြည့်စုံရာရောက် လျက်၊ အသက်တရာသုံးဆယ်ရှိသော်သေ၍၊ |
16. | ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ အကြောင်းမူကား၊ ဣသရေလအမျိုးတွင် ဘုရားသခင်၌၎င်း၊ အိမ်တော်၌၎င်း၊ ကျေးဇူးပြုသောသူ ဖြစ်သတည်း။ |
17. | ယောယဒသေသောနောက်၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ၍ရှိခိုးကြ၏။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့်၊ |
18. | သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကိုစွန့်၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို ဝတ်ပြုကြ၏။ ထိုအပြစ်ကြောင့် အမျက်တော် သည် ယုဒပြည်နှင့် ယေရုရှလင်မြို့အပေါ်မှာ သက်ရောက် လေ၏။ |
19. | သူတို့ကို ထာဝရဘုရားထံတော်သို့ သွေးဆောင် စေခြင်းငှါ၊ ပရောဖက်တို့ကို စေလွှတ်တော်မူ၍၊ ပရော ဖက်တို့သည် သက်သေခံသော်လည်း၊ သူတို့သည် နားမထောင်ကြ။ |
20. | တဖန်ဘုရားသခင်၏ ဝိညာဉ်တော်သည် ယဇ် ပုရောဟိတ်ယောယဒသား ဇာခရိအပေါ်မှာ သက် ရောက်၍၊ သူသည် ပရိသတ်အလယ်၊ မြင့်သောအရပ်၌ ရပ်လျက်၊ ဘုရားသခင်မိန့်တော်မူသည်ကား၊ သင်တို့ သည် ကိုယ်အကျိုးကို ပျက်ဆီးစေခြင်းငှါ၊ ထာဝရ ဘုရား၏ပညတ်တော်တို့ကို အဘယ်ကြောင့် လွန်ကျုးကြ သနည်း။ သင်တို့သည် ထာဝရဘုရားကို စွန့်သောကြောင့်၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို၏။ |
21. | လူများတို့သည် သူ့ကိုမကောင်းသော အကြံနှင့် တိုင်ပင်၍၊ ရှင်ဘုရင်အမိန့်တော်နှင့် ဗိမာန်တော်အတွင်း ၌ ကျောက်ခဲနှင့်ပစ်၍ သတ်ကြ၏။ |
22. | ထိုသို့သောရှမင်းကြီးသည် ဇာခရိအဘ ယော ယဒပြုသော ကျေးဇူးကို မအောက်မေ့၊ သားကို သတ်လေ သည်တကား။ ဖာခရိသေသောအခါ၊ ဤအမှုကို ထာဝရ ဘုရားသည် ကြည့်ရှုစစ်ကြောတော်မူမည်ဟုဆို၏။ |
23. | ထိုနှစ်အဆုံး၌၊ ရှုရိတပ်သားတို့သည် စစ်ချီ၍ လာကြသဖြင့်၊ ယုဒပြည် ယေရုရှလင်မြို့သို့ရောက်မှ၊ မှူးမတ်အရာရှိအပေါင်းတို့ကို သုတ်သင် ပယ်ရှင်း၍၊ လက်ရဥစ္စာရှိသမျှတို့ကို ဒမာသက်ရှင်ဘုရင်ထံသို့ ပေးလိုက်ကြ၏။ |
24. | ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသော အလုံး အရင်းဖြစ်သော်လည်း၊ နည်းသောရှုရိတပ် အလုံးအရင်လက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကို တရားစီရင်ကြ၏။ |
25. | ရန်သူထွက်သွားသောအခါ၊ ယောရှသည် ကြီး စွာသော ဒုက္ခကို ခံရလျက်နေရစ်သည်ဖြစ်၍၊ ယဇ်ပုရော ဟိတ်ယောယဒသားတို့ကို သတ်သောအပြစ်ကြောင့်၊ မိမိကျွန်တို့သည် သင်းဖွဲ့၍၊ သာလွန်ပေါ်မှာ သေအောင် လုပ်ကြံကြ၏။ ထိုမင်းကို ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုဟ်။ |
26. | လုပ်ကြံသောသူကား၊ အမ္မုန်အမျိုးသမီး ရှိမတ်သား ယောဇဗဒ်နှင့် မောဘအမျိုးသမီးရှိမရိတ်သား ယဟောဇဗဒ်တည်း။ |
27. | ယောရှသည် သားရိခြင်းအရာ လေးသောအမှု ကို ထမ်းခြင်းအရာ၊ ဗိမာန်တော်ကို ပြုပြင်ခြင်း အရာတို့ သည် ရာဇဝင်နှင့်ဆက်သောစာ၌ ရေးထားလျက်ရှိ၏။ သားတော်အာမဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
← 2Chronicles (24/36) → |