← 2Chronicles (21/36) → |
1. | ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သား တော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
2. | ယုဒရှင်ဘုရင်ယောရှဖတ်သား၊ ယဟောရံညီဟူ မူကား၊ အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိတည်း။ |
3. | ခမည်းတော်သည်များစွာသော ရွှေငွေဥစ္စာ ရတနာနှင့်တကွ ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို သူတို့ အား ပေး၏။ နိုင်ငံကိုကား၊ သားဦး ယဟောရံအား ပေး၏။ |
4. | ယဟောရံသည် ခမည်းတော်နိုင်ငံ၌ တည်သော အခါ၊ ကိုယ်ကို ခိုင်ခံ့စေ၍၊ ညီတော်အပေါင်းတို့ကို၎င်း၊ ဣသရေလမှူးတော် မယ်တော်တချို့တို့ကို၎င်း၊ ထားနှင့် သတ်လေ၏။ |
5. | ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံလေ၏။ |
6. | အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။ |
7. | သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသော သားမြေးတို့၏ မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ၍၊ ဒါဝိဒ်နှင့်ပဋိညာဉ် ဖွဲ့တော်မူသောကြောင့်၊ သူ၏အမျိုးကို မဖျက်ဆီးဘဲ ထားတော်မူ၏။ |
8. | ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သားတို့သည် ယုဒ ရှင်ဘုရင်ကို ပုန်ကန်၍၊ ကိုယ်အမျိုးသားကို ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။ |
9. | ယဟောရံမင်းသည် မှူးမတ်များ၊ ရထားစီးသူရဲများအပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ညဉ့်အခါ ဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံလေ၏။ |
10. | သို့သော်လည်း၊ ဧဒုံပြည်သားတို့သည် ယနေ့ တိုင်အောင် ယုဒရှင်ဘုရင်ကိုပုန်ကန်ကြ၏။ ထိုကာလ၌၊ လိဗနပြည်သည်လည်း ပုန်ကန်၏အကြောင်းမူကား၊ ယဟောရံသည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့်၍၊ |
11. | ယုဒတောင်တို့ အပေါ်မှာ၊ မြင့်သောအရပ်တို့ကို တည်လုပ်သဖြင့်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။ |
12. | ပရောဖက်ဧလိယ ပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့်၊ သင့်အဘဒါဝိဒ်၏ ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသ လမ်းသို့ မလိုက်၊ |
13. | ဣသရေလရှင်ဘုရင်တို့ လမ်းသို့လိုက်သော ကြောင့်၎င်း၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ်ထက်သာ၍ကောင်းသော ညီရင်းတို့ကို သတ် သောကြောင့်၎င်း၊ |
14. | ထာဝရဘုရားသည် သင်၏လူများ၊ သင်၏သား မယားများ၊ သင်၏ဥစ္စာရှိသမျှကို ကြီးစွာသောဘေးဖြင့် ဒဏ်ခတ်တော်မူမည်။ |
15. | သင့်အူသည် တနေ့ထက်တနေ့ထွက်အောင်၊ ဝမ်းထဲ၌ ပြင်းစွာ သောအနာရောဂါစွဲလိမ့်မည်ဟု စာ၌ပါသတည်း။ |
16. | ထိုနောက်မှ၊ ထာဝရဘုရားသည် ဖိလိတ္တိလူ၊ ကုရှပြည်နှင့်နီးသော အာရပ်လူတို့ကို၊ ယဟောရံမင်း တဘက် နှိုးဆော်တော်မူသဖြင့်၊ |
17. | သူတို့သည် ယုဒပြည်သို့ချီလာ၍ လုပ်ကြံကြ၏။ နန်းတော်၌တွေ့သမျှသော ဥစ္စာများနှင့် ရှင်ဘုရင်၏ သားမယားများတို့ကို သိမ်းသွားကြသဖြင့်၊ အထွေးဆုံး သောသား အာခဇိမှတပါး၊ တယောက်မျှမကျန်ကြွင်း။ |
18. | နောက်တဖန် မပျောက်နိုင်သောဝမ်းနာဖြင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူ၏။ |
19. | ရှင်ဘုရင်သည် တာရှည်စွာနာ၍၊ နှစ်နှစ်စေ့ သောအခါ၊ အနာပြင်းထန်သောကြောင့်၊ အူထွက်၍ အသက်ချုပ်လေ၏။ ပြည်သားတို့ သည်ဘိုးတော် ဘေးတော်တို့အဘို့ မီးရှို့ခြင်းကိုပြုသကဲ့သို့၊ ထိုမင်း အဘို့မပြု။ |
20. | ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံပြီးမှ၊ အဘယ် သူမျှ မနှမြောဘဲသေသွား၏။ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော် လည်း၊ ရှင်ဘုရင်တို့ သင်္ချိုင်း၌မသင်္ဂြိုဟ်ကြ။ |
← 2Chronicles (21/36) → |