← 2Chronicles (20/36) → |
1. | ထိုနောက်မှ၊ မောဘအမျိုးသားနှင့် အမ္မန် အမျိုးသားတို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ၊ ယောရှဖတ်ကို စစ်တိုက်မည်ဟု ချီလာကြ၏။ |
2. | အိုင်ကြီးတဘက်၊ ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်းစစ်ချီလာ၍၊ အင်္ဂေဒိအမည်ရှိသော ဟာဇဇုန္တာမာမြို့မှာရှိကြပါသည်ဟု ယောရှဖတ်အား ကြာလျှောက်လျှင်၊ |
3. | ယောရှဖတ်သည် ကြောက်၍၊ ထာဝရဘုရားကို ရှာခြင်းငှါ သဘောချလျက်၊ အစာရှောင်ရာအချိန်ကို၊ ယုဒပြည်တရှောက်လုံး၌ ကြော်ငြာစေတော်မူ၏။ |
4. | ယုဒလူတို့သည် ထာဝရဘုရားကို စုတောင်းမည် ဟု စုဝေး၍၊ ထာဝရဘုရားကို ရှာအံ့သောငှါ၊ ယုဒမြို့ ရှိသမျှမှ ထွက်လာကြ၏။ |
5. | ယောရှဖတ်သည် ဗိမာန်တော် တန်တိုင်း သစ်ရှေ့၊ ယုဒပြည်သူယေရုရှလင်မြို့သား စည်းဝေးရာ ပရိသတ်အလယ်၌ရပ်လျက်၊ |
6. | ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော့။ တပါးအမျိုးသားနေရာ တိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည် မဟုတ်လော။ အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုး ကြီးတော်မူသည်မဟုတ်လော။ |
7. | ဤပြည်၌နေဘူးသောသူတို့ကို ကိုယ်တော်၏လူ ဣသရေလအမျိုး ရှေ့မှနှင်ထုတ်၍၊ ကိုယ်တော်အဆွေ အာဗြဟံ၏သားမြေးတို့အား၊ ဤပြည်ကို အစဉ်ပေးတော် မူသော အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူသည် မဟုတ်လော။ |
8. | သူတို့သည် နေရာကျ၍၊ နာမတော်အဘို့ သန့်ရှင်းရာ ဌာနတော်ကို တည်ဆောက်ကြသောအခါ၊ |
9. | အကျွန်ုပ်တို့အပေါ်မှာထားဘေး၊ ဒဏ်ခတ်ခြင်း ဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေးတစုံတခု ရောက်၍၊ နာမတော်ဖြင့်သမုတ်သောဤ အိမ်တော်၊ အထံတော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲ ဒုက္ခကြောင့် အော်ဟစ်ကြသောအခါ၊ နားထောင်၍ ကယ်မတော်မူပါဟု လျှောက်ထားကြပါပြီ။ |
10. | ယခုတွင်၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ တိုက်ရသော အခွင့် ပေးတော်မမူ။ လွှဲရှောင်၍ မဖျက်ဆီးဘဲ ထားခဲ့သော အမ္မန်မျိုးသား၊ မောဘအမျိုးသား၊ စိရတောင်သားတို့ သည်၊ |
11. | အကျွန်ုပ်တို့အားအပိုင်ပေးတော်မူသော အမွေခံ ရာမြေထဲက၊ အကျွန်ုပ်တို့ကို နှင်ထုတ်ခြင်းငှါ လာ၍၊ အဘယ်သို့ ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှုတော်မူပါ။ |
12. | အိုအကျွန်ုပ်တို့ဘုရားသခင်၊ သူတို့ကို မစီရင် ဘဲနေတော်မူမည်လော။ အကျွန်ုပ်တို့ကိုတိုက်အံ့သောငှါ လာသောဤအလုံးအရင်းကြီးကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်ငှါ မတတ်နိုင်ပါ။ အဘယ်သို့ပြုရမည်ကိုမသိ ပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက် နေကြပါသည်ဟု ဆုတောင်း၍၊ |
13. | ယုဒလူအပေါင်းတို့သည် သားမယာသူငယ်တို့ နှင့်တကွ၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။ |
14. | ထိုအခါ ပရိသတ်အလယ်၌ရှိသော လေဝိ အမျိုး၊ အာသပ်အနွှယ်၊ မတ္တနိ၊ ယေယေလ၊ ဗေနာယ၊ ဇာခရိတို့မှ ဆင်းသက်သောယဟာဇေလအပေါ်သို့၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် သက်ရောက်၍၊ |
15. | ထိုသူက၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့ သားအပေါင်းတို့၊ နားထောင်ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီး ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်၏။ |
16. | နက်ဖြန်နေ့သူတို့ရှိရာသို့ချီသွားကြလော့။ သူတို့သည် ဇိဇမြို့သို့ တက်ရာလမ်းဖြင့်လာကြစဉ်၊ ယေရွေ လတောစနား၊ ချိုင့်ဝမှာ သင်တို့တွေ့ကြလိမ့်မည်။ |
17. | သို့ရာတွင်၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သား တို့၊ သင်တို့သည် သင်တို့သည်စစ်တိုက်စရာအကြောင်း မရှိသည်သည်ဖြစ်၍၊ တည်ကြည်စွာ မတ်တက်နေလျက်၊ ထာဝရဘုရားကယ်တင်တော်မူခြင်း ကျေးဇူးကိုကြည့် ရှုကြလော့။ မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ နက်ဖြန် နေ့ချီသွားကြလော့။ ထာဝရဘုရားသည် သင်တို့နှင်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။ |
18. | ယောရှဖတ်သည် မြေပေါ်မှာဦးချ၍ ယုဒပြည် သူယေရုရှလင်မြို့သားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော်၌ ပြပ်ဝပ်လျက်၊ ထာဝရဘုရားကို ကိုးကွယ် ကြ၏။ |
19. | လေဝိအမျိုး၊ ကောဟတ်အနွယ်သားနှင့် ကောရ အနွယ်သားတို့သည်၊ ဣသရေလမျိုး၏ ဘုရားသခင် ထာဝရဘုရားကို၊ ကျယ်သောအသံနှင့် ချီးမွမ်းခြင်းငှါ ရပ်နေကြ၏။ |
20. | နက်ဖြန်နံနက်စောစောထ၍၊ တေကောတော သို့ ထွက်သွားကြ၏။ သွားကြစဉ်တွင်၊ ယောရှဖတ်သည် ရပ်၍၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ နား ထောင်ကြလော့။ သင်တို့၏ဘုရားသခင်ကို ယုံကြည်ကြ လော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
21. | လူများနှင့်တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟု တပ်ရှေ့မှာ ချီသွား လျက်၊ သန့်ရှင်းခြင်းအသရေကိုချီးမွမ်းရသော သီချင်း သည်တို့ကို ထာဝရဘုရားအဘို့ ခန့်ထားတော်မူ၏။ |
22. | ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြ သောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှါ လာသော၊ စိရ တောင်သားတို့ကို အမ္မုန်အမျိုး သား၊ မောဘအမျိုးသား တို့တဘက်၌ ထာဝရဘုရားချောင်းမြောင်းစေတော် မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊ |
23. | တဖန်စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်း ခြင်းငှါ လှန်၍ တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တယောက်ကိုတယောက်တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ ရောက်ကြ၏။ |
24. | ယုဒလူတို့သည် တော၌ရှိသော ကင်းမျှော်စင်သို့ ရောက်၍၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ၊ ထိုလူ အပေါင်းတို့သည် တယောက်မျှမလွတ်၊ မြေပေါ်မှာ လဲသော အသေကောင်ဖြစ်ကြ၏။ |
25. | ယောရှဖတ်နှင့် သူ၏လူတို့သည်၊ ရန်သူတို့ဥစ္စာ ကိုလုယူခြင်းငှါ လာကြသောအခါ၊ အသေကောင်တို့၌ များစွာသောဥစ္စာ၊ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင်ချွတ်ယူကြ၏။ လက်ရ ဥစ္စာအလွန်များသောကြောင့်၊ သုံးရတ်ပတ်လုံး လုယူထုပ်ထားလျက်နေကြ ၏။ |
26. | စတုတ္တွနေ့တွင် ဗရာခချိုင့်၌စည်းဝေး၍၊ ထာဝရဘုရားကို ကောင်းကြီးပေးကြ၏။ ထိုကြောင့်၊ ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ၍ တွင်သတည်း။ |
27. | ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်း မြောက်သောအခွင့်ကို၊ ထာဝရဘုရားပေးတော်မူသော ကြောင့်၊ ယောရှဖတ်သည် ရှေ့ဦးစွာ ကြွ၍ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဝမ်းမြောက်သော စိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ |
28. | စောင်းတယောတံပိုးကိုတီးမှုတ်လျက်၊ ယေရု ရှလင်မြို့၊ ဗိမာန်တော်သို့ ရောက်လာကြ၏။ |
29. | ထာဝရဘုရားသည် ဣသရေလအမျိုး၏ ရန်သူ တို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည် ကြား၍၊ ဘုရားသခင်ကို ကြောက်ရွံ့ကြ၏။ |
30. | ထိုသို့ဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်ဝပ် သော အခွင့်ကိုပေ တော်မူသောကြောင့်၊ ယောရှဖတ်၏ နိုင်ငံတော်သည် သာယာ၏။ |
31. | ယောရှဖတ်သည် အသက်သုံးဆယ်ငါးနှစ် ရှိသော် နန်းထိုင်၍ နှစ်ဆယ်ငါးနှစ်ပတ်လုံး ယေရုရှလင် မြို့မှာနေလျက်၊ ယုဒပြည်ကို စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီးအဇုဘအမည်ရှိ၏။ |
32. | ထိုမင်းသည် ခမည်းတော်အာသလိုက်သော လမ်းကိုမလွှဲ၊ အကုန်အစင်လိုက်၍၊ ထာဝရဘုရား ရှေ့တော်၌ ဖြောင့်မတ်သောအကျင့်ကိုသာ ကျင့်၏။ |
33. | သို့ရာတွင်၊ မြင့်သောအရပ်တို့ကို မပယ်ရှား။ လူများတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ဆည်းကပ် ခြင်းငှါ၊ သဘောမချဘဲနေကြသေး၏။ |
34. | ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှ အစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ဆက်၍၊ ဟာနန်သားယေဟု စီရင်သောစာ ၌ရေးထားလျက်ရှိ၏။ |
35. | နောက်တဖန် ယုဒရှင်ဘုရင် ယောရှဖတ်သည်၊ |
36. | တာရှုမြို့သို့သွားရသော သင်္ဘောတို့ကို တည် လုပ်ခြင်းငှါ၊ အလွန်အဓ္ဓမအမှုကိုပြုသော ဣသရေလ ရှင်ဘုရင် အားခဇိနှင့်ပေါင်းဘော်ပြီးလျှင်း၊ ထိုသင်္ဘော တို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်လုပ်ကြ၏။ |
37. | ထိုအခါ မရေရှမြို့သူ၊ ဒေါဒေဝသား ဧလျေဇက၊ မင်းကြီးသည် အာခဇိနှင့် ပေါင်းဘော်သောကြောင့်၊ ထာဝရဘုရားသည် မင်းကြီးပြုသော အမှုကိုဖျက်တော် မူပြီးဟု ယောရှဖတ်တဘက်၌ ဟောသည်နှင့်အညီ၊ ထိုသင်္ဘောတို့သည် တာရှုမြို့သို့ မသွားနိုင်အောင်ကျိုးပဲ့ ကြ၏။ |
← 2Chronicles (20/36) → |