← 2Chronicles (10/36) → |
1. | ဣသရေလအမျိုးသားအပေါင်းတို့သည် ရော ဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ရှေခင်မြို့ သို့သွား၍၊ သူသည်လည်း သွား၏။ |
2. | ရှောလမုန်မင်းကြီးထံမှ၊ အဲဂုတ္တုပြည်သို့ ပြေး သောနေဗတ်၏သား ယေရောဗောင်သည်၊ ထိုသိတင်းကို ကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။ |
3. | ဣသရေလလူတို့သည် သူ့ထံသို့ လူကို စေလွှတ် ၍ ခေါ်သဖြင့်၊ လူအပေါင်းတို့သည် သူနှင့်အတူ ရော ဗောင်ထံသို့ဝင်လျက်၊ |
4. | ခမည်းတော်သည် ကျွန်တော်တို့၌ လေးသော ထမ်းဘိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းဘိုး လေးကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်လျှင်၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ၏။ |
5. | ရောဗောင်ကလည်း၊ သုံးရက်လွန်မှ တဖန် လာကြဦးလော့ဟု မိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။ |
6. | ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော် ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန် ပြောရမည်အကြောင်း၊ အဘယ်သို့ အကြံပေးကြမည် နည်းဟု မေးသော်၊ |
7. | သူတို့က ကိုယ်တော်သည် ဤသူတို့၌ ကျေးဇူးပြု လျက်၊ သူတို့စိတ်ကို ဖြေ၍ကောင်းသောစကားကို ပြောတော်မူလျှင်၊ သူတို့သည် အစဉ် ကိုယ်တော်၏ကျွန်ခံ ကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။ |
8. | အသက်ကြီးသူတို့ပေးသောအကြံကို ရောဗောင် သည်မလိုက်၊ ခစားမြဲခစားသောမိမိ သူငယ်ချင်းတို့နှင့် တိုင်ပင်လျက်၊ |
9. | ပြည်သားတို့က ခမည်းတော်တင်သော ထမ်းဘိုး ကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည် ဖြစ်၍၊ သူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေးကြမည်နည်းဟု မေးသော်၊ |
10. | ထိုသူငယ်ချင်း လုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းဘိုးကိုလေးစေပါပြီ၊ ပေါ့စေတော်မူပါ ဟု လျှောက်သောပြည်သားတို့အား ကိုယ်တော်က၊ ငါ လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ ကြီးလိမ့် မည်။ |
11. | ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေး သော ထမ်းဘိုးတို့ကို တင်လေပြီ။ ငါသည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။ |
12. | ရှင်ဘုရင်က၊ သုံးရက်မြောက်သောနေ့၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်ချက်သည်အတိုင်း၊ သုံးရက်မြောက်သောနေ့၌ ယေရော ဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်ကြ၏။ |
13. | ထိုအခါ ရောဗောင်မင်းကြီးသည် အသက်ကြီး သူတို့ပေးသော အကြံကိုမလိုက်၊ လူပျိုတို့ပေးသော အကြံ ကိုလိုက်လျက်၊ |
14. | ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်း ထပ်၍တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။ |
15. | ရှင်ဘုရင်သည် ပြည်သားတို့စကားကို နား မထောင်ရသည် အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသော စကားကိုပြည့်စုံစေ တော်မူမည်အကြောင်းတည်း။ |
16. | ဣသရေလအမျိုးသား အပေါင်းတို့သည် ရှင်ဘုရင်နားမထောင်ကြောင်းကိုသိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှ၏သားနှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ အသီးသီးသွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကိုကြည့်ရှုလော့ဟု ရှင်ဘုရင်အား ပြန်ပြောလျက်၊ ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာသို့ ပြန်သွား ကြ၏။ |
17. | သို့ရာတွင် ယုဒမြို့ရွာတို့၌ နေသော ဣသရေလ လူတို့ကို၊ ရောဗောင်သည် အုပ်စိုးရသေး၏။ |
18. | ထိုအခါ ရောဗောင်မင်းကြီးသည်၊ အခွန်တော် ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလအမျိုးသားတို့ သည် သူ့ကိုသေအောင်ကျောက်ခဲနှင့် ပစ်ကြ၏။ |
19. | ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန် တက်၍ယေရုရှင်မြို့သို့ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ်မင်းမျိုး ကို ပုန်ကန်ကြ၏။ |
← 2Chronicles (10/36) → |