2Chronicles (1/36) → |
1. | ဒါဝိဒ်၏သားတော်ရှောလမုန်သည်၊ မိမိဘုရား သခင် ထာဝရဘုရားမစတော်မူခြင်း၊ အလွန်ချီးမြှောက် တော်မူခြင်းကျေးဇူးကြောင့်၊ မိမိအာဏာတော် တည် ကြည်မြဲမြံသောအခါ၊ |
2. | လူတထောင်အုပ်၊ တရာအုပ်၊ တရားသူကြီး၊ ဣသရေလမင်းအပေါင်းတို့နှင့် အဆွေအမျိုးသူကြီးအစ ရှိသော ဣသရေလအမျိုးသားအပေါင်းတို့ကို ခေါ်၍၊ |
3. | တော၌ ထာဝရဘုရား၏ကျွန် မောရှေလုပ်ခဲ့ သော ဘုရားသခင်၏ပရိသတ်စည်းဝေးရာ တဲတော်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ ရှိသည်ဖြစ်၍ ထိုအရပ် သို့ ပရိသတ်အပေါင်းတို့နှင့်အတူ သွားတော်မူ၏။ |
4. | ဘုရားသခင်၏ သေတ္တာတော်ကို ကားဒါဝိဒ် ပြင်ဆင်သောအရပ်၊ ယေရုရှလင်မြို့၌ ဆောက်နှင့် သောတဲသို့ ကိရယတ်ယာရိမ် မြို့မှ ဆောင်ခဲ့သော်လည်း၊ |
5. | ဟုရသားဖြစ်သော ဥရိ၏သား ဗေဇလေလ လုပ်ခဲ့သောကြေးဝါ ယဇ်ပလ္လင်ကို ထာဝရဘုရား၏ တဲတော်ရှေ့မှာ ထားသောကြောင့်၊ ရှောလမုန်နှင့် ပရိသတ်တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။ |
6. | ထိုသို့ပရိသတ်စည်းဝေးရာတဲတော်ရှေ့၊ ထာဝရ ဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သို့ ရှော လမုန်ရောက်၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ၏။ |
7. | ထိုညဉ့်တွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည့်ဆုကို တောင်းလော့ဟု မိန့်တော်မူ၏။ |
8. | ရှောလမုန်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ် အဘဒါဝိဒ်၌ များစွာသော ကျေးဇူးကိုပြုတော်မူပြီ။ အဘအရာ၌လည်း အကျွန်ုပ်ကို နန်းထိုင်စေတော်မူပြီ။ |
9. | ယခုမှာ အိုထာဝရအရှင်ဘုရားသခင်၊ မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသော လူတို့၏ ရှင်ဘုရင်အရာ၌ အကျွန်ုပ်ကို ချီးမြှောက်တော် မူသောကြောင့် အဘဒါဝိဒ်၌ထားသော ဂတိတော်ကို တည်စေတော်မူပါ။ |
10. | အကျွန်ုပ်သည် ဤလူတို့ရှေ့မှာထွက် ဝင်နိုင် မည်အကြောင်း ဉာဏ်ပညာကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင် နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။ |
11. | ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက် မေ့၍ စည်းစိမ်ဥစ္စာဂုဏ်အသရေကို မတောင်း၊ ရန်သူ တို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သော အသက် ကိုလည်းမတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏ လူမျိုးကို တရားစီရင်ခြင်းငှါ တတ်နိုင်သော ဉာဏ်ပညာ ကိုသာ ကိုယ်အဘို့ တောင်းသောကြောင့်၊ |
12. | ဉာဏ်ပညာကို ငါပေး၏။ ထိုမှတပါး သင့်ရှေ့ မှာဖြစ်ဘူးသော ရှင်ဘုရင်နှင့် သင့်နောက်၌ ဖြစ်လတံ့ သော ရှင်ဘုရင်တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။ |
13. | ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့် သောအရပ်၌ ရှိသောပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှ သည် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ ဣသရေလပြည်ကို အုပ်စိုးလျက်နေတော်မူ၏။ |
14. | ထိုနောက်ရှောလမုန်သည် ရထားများ၊ မြင်းစီး သူရဲများကို ဆည်းဖူး၍၊ ရထားတထောင်နှင့်လေးရာ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့ ၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။ |
15. | ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက် သော သဖန်းပင်ကဲ့သို့၎င်း၊ များပြားစေ၏။ |
16. | ရှောလမုန်ထံသို့မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှ ဆောင်ခဲ့ရ၏။ ရှင်ဘုရင်ကုန်သည်တို့သည် အဘိုးပေးလျက်၊ ကောမြို့၌ခံယူရကြ၏။ |
17. | အဲဂုတ္တုပြည်မှ ရထားတခုကိုငွေခြောက်ပိဿာ နှင့်၎င်း၊ မြင်းတစီးကို ငွေခြောက်ပိဿာနှင့်၎င်း၊ မြင်း တစီးကို တပိဿာငါးဆယ်နှင့်၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့်၊ ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။ |
2Chronicles (1/36) → |