← 1Kings (8/22) → |
1. | ထိုအခါ ထာဝရဘုရား၏ ပဋိညာဉ်သည် သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့ လိုသောငှါ၊ ရှောလမုန်သည် ဣသရေလအမျိုးအသက် ကြီးသူအပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီး အသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရု ရှလင်မြို့၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း၊ |
2. | ဣသရေလလူအပေါင်းတို့သည် ဧသနိမ်အမည် ရှိသော သတ္တမလ၌လုပ်သောပွဲအတွင်းတွင် ရှောလမုန် မင်းကြီးထံသို့ စုဝေးရောက်လာကြ၏။ |
3. | ဣသရေလအမျိုးတွင် အသက်ကြီးသူအပေါင်း တို့သည်လာ၍၊ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရ ဘုရား၏ သေတ္တာတော်ကို ထမ်းလျက်၊ |
4. | ပရိသတ်စည်းဝေးရာ တဲတော်၊ တဲတော်နှင့် ဆိုင်၍ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရော ဟိတ်များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။ |
5. | ရှောလမုန်မင်းကြီးမှစ၍ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်။ အတိုင်းမသိများစွာသော သိုးနွားတို့ကို သေတ္တာတော်ရှေ့ မှာ ယဇ်ပူဇော်ကြ၏။ |
6. | ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ ၏။ |
7. | ခေရုဗိမ်တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာတော်နေရာအပေါ်မှာဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက် ရှိကြ၏။ |
8. | ထမ်းဘိုးတို့ကို ဆွဲထားသဖြင့် ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း၌ မထင်။ သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာန တော်၌သာထင်၍ ယနေ့တိုင်အောင် ရှိကြ၏။ |
9. | ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူ သောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါး သေတ္တာတော်ထဲ ၌ အဘယ်အရာမျှမရှိ။ |
10. | ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာ ဌာနထဲက ထွက်ကြသောအခါ၊ ထာဝရဘုရား၏ အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။ |
11. | ထိုသို့ ထာဝရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်လျက်၊ မိုဃ်းတိမ်တော်ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။ |
12. | ရှောလမုန်ကလည်း၊ ထာဝရဘုရားသည် ထူထပ်သော မှောင်မိုက်ထဲမှာနေတော်မူသည်ဟု စကား တော်ရှိ၏။ |
13. | အကယ်စင်စစ် ကိုယ်တော်ကျိန်းဝပ်တော်မူရာ အိမ်၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ် တည်ဆောက်ပါပြီဟု မြွက်ဆို၏။ |
14. | တဖန်ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလ အမျိုး ပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တပ် နေကြ၏။ |
15. | ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ |
16. | ငါ၏ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍ ငါ့နာမတည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင်များတို့တွင် မြို့တစုံ တမြို့ကို ငါမရွေးသေးသော်လည်း၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ၊ ဒါဝိဒ်ကို ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ်တော်ရှိသည်အတိုင်း ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ |
17. | ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ၏နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ၊ |
18. | ထာဝရဘုရားက၊ သင်သည် ငါ့နာမအဘို့ အိမ်တော်တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့် ကောင်းသောအမှုကို ပြုပြီ။ |
19. | သို့သော်လည်းသင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော် ဒါဝိဒ်အား မိန့်တော်မူ၏။ |
20. | ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏ အရိပ် အရာကိုခံရ၍၊ ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော် အဘို့အိမ်တော်ကို တည်ဆောက်လေပြီ။ |
21. | ငါတို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ၊ ထာဝရ ဘုရားနှုတ်ဆောင်သောအခါ၊ သူတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာတော်ထားရာ အရပ်ကို ထိုအိမ်တော်၌ လုပ်လေပြီဟု မြွက်ဆို၏။ |
22. | တဖန်ရှောလမုန်သည် ထာဝရဘုရား၏ ယဇ် ပလ္လင်ရှေ့၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ အလယ်မှာ နေ၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ ဖြန့်လျက်၊ |
23. | အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ အထက်ကောင်းကင်ဘုံနှင့်အောက်အရပ်မြေကြီး ပေါ်မှာ ကိုယ်တော်နှင့်တူသော ဘုရားတဆူမျှမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ကျင့်သော ကိုယ်တော်၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ။ |
24. | အကျွန်ုပ်အဘဒါဝိဒ်၌ ထားတော်မူသော ဂတိ တော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော် မူပြီ။ |
25. | အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်က၊ သင်သည် ငါ့ရှေ့မှာကျင့်သကဲ့သို့ သင်၏သားမြေးတို့သည် ငါ့ရှေ့မှာ ကျင့်လိုသောငှါ၊ မိမိတို့ သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသ ရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏ အမျိုးမင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘ ဒါဝိဒ်၌ ထားတော်မူသော ဂတိတော်ကို ယခုစောင့်တော် မူပါ။ |
26. | အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ။ |
27. | သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်း ကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ် ရာရှိပါသနည်း။ |
28. | သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ ကြွေးကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။ |
29. | ဤမည်သော အရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ် တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု၍၊ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင် တော်မူပါ။ |
30. | ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင် ဘုံ၌နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။ |
31. | လူသည် မိမိအိမ်နီးချင်းကိုပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊ |
32. | ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့်အလျောက် အကျိုးကိုခံရ၍ အပြစ်မှလွတ်စေခြင်းငှါ ၎င်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။ |
33. | ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ ပြန်လာ၍၊ နာမတော် ကိုဝန်ခံလျက်၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်း ပဌနာပြုလျှင်၊ |
34. | ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏ လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်သို့ တဖန် ပို့ဆောင်တော်မူပါ။ |
35. | ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့် ကိုယ်တော်သည် ဆုံးမတော် မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင်၊ |
36. | ကောင်းကင်ဘုံ၌နားထောင်၍၊ ကိုယ်တော်၏ ကျွန်၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏လူတို့အား အမွေပေးသော မြေပေါ်မှာ မိုဃ်းရွာစေတော်မူပါ။ |
37. | ပြည်တော်၌ အစာအာဟာရခေါင်းပါးသော်၎င်း၊ လေထိ၍ အပင်သေသော်၎င်း၊ အရည်ယို၍ သေသော်၎င်း၊ အရာဘကျိုင်း၊ ခါသိလ ကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူတိုက်လာ၍ မြို့ကို ဝိုင်းထားသော်၎င်း၊ ဘေးဥပဒ်၊ အနာရောဂါတစုံတခု ရောက်သောအခါ၊ |
38. | ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍၊ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင်၊ |
39. | ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။ |
40. | ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်၌ သူတို့သည် အသက်ရှင်သော ကာလပတ်လုံးကိုယ်တော် ကို ကြောက်ရွံပါမည်အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော် မူသည်ဖြစ်၍၊ ဆုတောင်းသော သူတို့၏ စိတ်နှလုံး သဘောကိုသိလျက်၊ သူတို့အပြစ်ကိုလွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော်မူပါ။ |
41. | ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏ သိတင်းနှင့်တန်ခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော် ၏သိတင်းကိုကြားသောကြောင့်၊ နာမတော်ကို ထောက် သဖြင့် ဝေးသောပြည်မှ ရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၊ |
42. | ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏ သိတင်းနှင့်တန်ခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော် ၏သိတင်းကိုကြားသောကြောင့်၊ နာမတော်ကို ထောက် သဖြင့် ဝေးသောပြည်မှ ရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၊ |
43. | ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။ ကိုယ်တော်၏လူဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက်၊ နာမ တော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။ |
44. | ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ် တည်ဆောက်သော အိမ်တော်ကို မှီခိုလျက်၊ ထာဝရဘုရားအား ဆုတောင်းကြလျှင်၊ |
45. | သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော် မူပါ။ |
46. | မပြစ်မှားတတ်သော လူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတပါးသောပြည်သို့ သိမ်းသွားလျှင်၎င်း၊ |
47. | ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည် သတိရ၍၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုး ညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊ |
48. | သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ ပြန်လာ၍၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆိုတောင်းလျှင်၎င်း၊ |
49. | သူတို့ဆုတောင်းပဌနာပြုသော စကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။ |
50. | ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကိုပြစ်မှား သော်လည်း၊ ကိုယ်တော်ကို ပြစ်မှားလွန်ကျူးခြင်းအပြစ် အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ။ သိမ်းသွားသော သူတို့သည် ကိုယ်တော်၏လူတို့ကို သနားစေခြင်းငှါ၊ ကရုဏာ စိတ်သဘောကို ပေးတော်မူပါ။ |
51. | အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်၏ သံမီးဖိုထဲကနှုတ်ယူတော်မူသော ကိုယ်တော်၏လူ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ၏။ |
52. | ကိုယ်တော်၏ ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသား ဆုတောင်းပဌနာပြုသော စကား အလုံးစုံတို့ကို နားထောင်ခြင်းငှါ ကြည့်ရှုမှတ်ယူ တော်မူပါ။ |
53. | အကြောင်းမူကား၊ အကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအခါ၊ ကိုယ်တော်၏ ကျွန်မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေ ခြင်းငှါ၊ မြေကြီးသားအမျိုးမျိုးထဲက ရွေးနှုတ်ခွဲထားတော်မူ ပြီအရှင် ထာဝရဘုရားဟု ပဌနာပြုလေ၏။ |
54. | ထိုသို့ရှောလမုန်သည် ထာဝရဘုရား ရှေ့တော်၌ ဆုတောင်းပဌနာပြု၍ ပြီးသောအခါ၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်လျက်၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်နေရာမှထ၍၊ |
55. | မတ်တတ်နေပြီးလျှင်၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသော စကားဟူမူကား၊ |
56. | ဂတိတော်ရှိသမျှအတိုင်း မိမိလူ ဣသရေလအမျိုးကို ငြိမ်ဝပ်စေခြင်းငှါ စီရင်တော်မူသော ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိကျွန် မောရှေအားဖြင့် ထားတော်မူသော ဂတိတော်ကောင်း တခွန်းမျှမပျက်၊ |
57. | ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့ ဘိုးဘေးများနှင့်အတူ ရှိတော်မူသည်နည်းတူ ငါတို့နှင့် အတူ ရှိတော်မူပါစေသော။ ငါတို့ကို အလျှင်းစွန့်ပစ်တော် မမူပါစေနှင့်။ |
58. | လမ်းတော်တို့သို့ လိုက်စေခြင်းငှါ၎င်း၊ ဘိုးဘေးတို့အား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ပညတ် တရားတို့ကို စောင့်ရှောက်စေခြင်းငှါ၎င်း၊ ငါတို့စိတ်နှလုံးကို အထံတော်သို့ သွေးဆောင်တော်မူပါစေသော။ |
59. | ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသော ဘုရားသခင်မရှိ ကြောင်းကို၎င်း၊ မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်း ငါတို့ဘုရားသခင် ထာဝရဘုရားသည် မိမိ ကျွန်နှင့် မိမိလူဣသရေလအမျိုးသားတို့၏အမှုကို စောင့်စရာအကြောင်း ရှိသည်အတိုင်း၊ အစဉ်စောင့်တော် မူစေခြင်းငှါ ထာဝရဘုရားရှေ့တော်၌ ငါဆုတောင်းသော ဤပဌနာစကားသည် နေ့ညဉ့်မပြတ် အနီးတော်၌ ရှိပါ စေသော။ |
60. | ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသော ဘုရားသခင်မရှိ ကြောင်းကို၎င်း၊ မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်း ငါတို့ဘုရားသခင် ထာဝရဘုရားသည် မိမိ ကျွန်နှင့် မိမိလူဣသရေလအမျိုးသားတို့၏အမှုကို စောင့်စရာအကြောင်း ရှိသည်အတိုင်း၊ အစဉ်စောင့်တော် မူစေခြင်းငှါ ထာဝရဘုရားရှေ့တော်၌ ငါဆုတောင်းသော ဤပဌနာစကားသည် နေ့ညဉ့်မပြတ် အနီးတော်၌ ရှိပါ စေသော။ |
61. | သင်တို့သည် ယနေ့ကျင့်သကဲ့သို့၊ ငါတို့ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက်၍ ပညတ်တရားတော်ကို စောင့်ရှောက်ခြင်းငှါ၊ အထံတော်၌ စိတ်နှလုံးစုံလင်ပါစေသောဟု မြွက်ဆိုလေ၏။ |
62. | ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ ဣသ ရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော်၌ ယဇ်ပူဇော်ကြ၏။ |
63. | နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ထာဝရဘုရားအား မိဿဟာယ ယဇ် ပူဇော်သဖြင့်၊ ထာဝရဘုရား၏အိမ်တော်ကို အနု မောဒနာပြုကြ၏။ |
64. | ထိုနေ့၌လည်း၊ ရှင်ဘုရင်သည် ထာဝရဘုရား၏ အိမ်တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို ပူဇော်၏။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို မခံလောက်။ |
65. | ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ၊ ငါတို့ဘုရား သခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်နှစ်လီ၊ တဆယ် လေးရက်ပတ်လုံး ပွဲခံတော်မူ၏။ |
66. | ရှစ်ရက်မြောက်သောနေ့၌ လူများတို့ကို လွှတ်လိုက်တော်မူ၏။ သူတို့သည် ရှင်ဘုရင်ကို ကောင်းကြီး ပေးလျက်၊ ထာဝရဘုရားသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသော ကျေးဇူး တော်ကြောင့်၊ ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ ပြန်သွားကြ၏။ |
← 1Kings (8/22) → |