← 1Kings (7/22) → |
1. | တဖန်ရှောလမုန်သည် တဆယ်သုံးနှစ်ပတ်လုံး နန်းတော်ကို တည်ဆောက်၍ လက်စသတ်လေ၏။ |
2. | နန်းတော်ကို လေဗနုန်တောသစ်သားဖြင့် ဆောက်၍၊ အလျားအတောင်တရာ၊ အနံအတောင် ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိ၏။ အာရဇ်တိုင် လေးစဉ်၊ အာရဇ်ရက်မများနှင့် ဆောက်၏။ |
3. | တိုင်တစဉ်လျှင် ဆယ်ငါးတိုင်စီရှိ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ်မှာ အခြင်တို့ကို တင်လျက်၊ အာရဇ်ပျဉ်ပြားနှင့်မိုးလေ၏။ |
4. | အလင်းဝင်စရာပြတင်းပေါက်သုံးတန်စီ အဆင့် ဆင့်မျက်နှာချင်းဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။ |
5. | တံခါးပေါက်ရှိသမျှတံခါးတိုင်ရှိသမျှတို့သည် စတုရန်း လေးထောင့်ဖြစ်ကြ၏။ |
6. | တိုင်များ၊ ထုပ်ကြီးများနှင့်ပြည့်စုံ၍ အလျား အတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော ကနားပြင်ကိုလည်း လုပ်လေ၏။ |
7. | တရားစီရင်ရာ ကနားပြင်တည်းဟူသော တရား ပလ္လင်တည်ရာ ကနားပြင်ကိုလည်းလုပ်၍၊ ကြမ်းတဘက် မှ တဘက်တိုင်အောင် အာရဇ်ပျဉ်ပြားတို့နှင့်မိုးလေ၏။ |
8. | နန်းတော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင် စပ်ကြားမှာ တန်တိုင်းလည်းရှိ၏။ ရှောလမုန်စုံဘက်သော ဖာရောဘုရင်၏ သမီးစံနန်းကိုလည်း တရားစီရင်ရာ ကနားပြင်နှင့်တူအောင် ဆောက်လေ၏။ |
9. | တန်တိုင်းကြီး ပြင်ဘက်တိုင်အောင်၎င်း၊ အမြစ်မှစ၍ ထိပ်တိုင်အောင်၎င်း၊ ကျောက်ဆစ်ပမာဏနှင့်အညီ၊ နှစ်ဘက်စလုံးလွှနှင့်တိုက်သော ကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။ အမြစ်သည်လည်း အလျား ရှစ်တောင်၊ ဆယ်တောင်ရှိသော ကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။ |
10. | အမြစ်သည်လည်း အလျားရှစ်တောင်၊ ဆယ် တောင်ရှိသော ကျောက်၊ ထူးဆန်းသောကျောက်ကြီးတို့ ဖြင့် ပြီး၏။ |
11. | အမြစ်ပေါ်မှာလည်း ကျောက်ဆစ်ပမာဏနှင့် အညီ လုပ်သော ကျောက်၊ ထူးဆန်းသော ကျောက်နှင့် အာရဇ်သစ်သားရှိ၏။ |
12. | တန်တိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီးတတန်းဖြင့်ပြီး၏။ ဗိမာန်တော်အတွင်း တန်တိုင်း၊ နန်းတော်ကနားပြင်တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။ |
13. | ရှောလမုန်သည်လည်း၊ လူကိုစေလွှတ်၍ တုရုမြို့ မှ ဟိရံကို ခေါ်လေ၏။ |
14. | ထိုဟိရံကား၊ နဿလိအမျိုးမုတ်ဆိုးမသား ဖြစ်၏။ သူ၏အဘကား၊ တုရုအမျိုးသားပန်းတဉ်းသမား ဖြစ်၏။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့်၊ ရှောလမုန် မင်းကြီးထံသို့လာ၍ အလုပ်ရှိသမျှကို ပြီးစီးစေ၏။ |
15. | ထိုသူသည်အမြင့်တဆယ်ရှစ်တောင်၊ လုံးပတ် တဆယ်နှစ်တောင်ရှိသော ကြေးဝါတိုင်နှစ်တိုင်ကို သွန်းလေ၏။ |
16. | တိုင်အပေါ်မှာ တင်စရာဘို့ အမြင့်ငါးတောင်ရှိ သော ကြေးဝါတိုင်ထိပ်နှစ်ခုကိုလည်း သွန်းလေ၏။ |
17. | ကြေးဝါကွန်ရွက်နှင့်ကြေးဝါကြိုးတို့ကိုလည်း လုပ်၍၊ တိုင်တတိုင်လျှင် ကွန်ရွက်ခုနစ်ခုစီဖြင့် တိုင်ထိပ် ပေါ်မှာ ဖုံးလွှမ်းလေ၏။ |
18. | ကြေးဝါသလဲသီးတို့ကိုလည်း လုပ်၍၊ တိုင်ထိပ် ကွန်ရွက်အပေါ်မှာ ထိပ်တခုလျှင် သလဲသီးနှစ်တန်းစီဖြင့် တန်ဆာဆင်လေ၏။ |
19. | ကနားပြင်ထဲမှာ စိုက်ထားသော ထိုတိုင်ထိပ်တို့ သည် ကြာပွင့်နှင့် ပုံတူ၍ အချင်းလေးတောင်ရှိ၏။ |
20. | တိုင်ထိပ်နှစ်ခုတို့သည် ကွန်ရွက်နှင့် နီးစပ်သော ထုပိကာအပေါ်မှာ တည်လျက်၊ တိုင်ထိပ်တခု၌သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ်ရာစီရှိကြ၏။ |
21. | ထိုတိုင်တို့ကို ဗိမာန်တော်ကနားပြင်ထဲမှာ စိုက် ထား၍ လက်ျာတိုင်ကိုယာခိန်၊ လက်ဝဲတိုင်ကို ဗောဇ အမည်ဖြင့် မှည့်လေ၏။ |
22. | တိုင်ထိပ်အပေါ်မှာ ကြာပွင့်အပြောက်ရှိသည် ဖြစ်၍ တိုင်တို့သည် စေ့စုံကြ၏။ |
23. | အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။ |
24. | ရေကန်အနားပတ် အောက်ပတ်လည်၌ အတောင်တတောင်လျှင် ဘူးသီးဆယ်လုံးစီစေ့အောင် ဘူးသီးနှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ၏။ |
25. | ထိုရေကန်သည် နွားတဆယ်နှစ်ခုအပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီ မျက်နှာပြုကြ၏။ |
26. | ရေကန်သည် ဒုလက်တဝါးရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။ |
27. | တဖန်အလျားလေးတောင်၊ အနံလေးတောင် အမြင့်သုံးတောင် ပမာဏရှိသော ကြေးဝါခုံတဆယ်ကို လုပ်လေ၏။ |
28. | ထိုခုံပုံသဏ္ဌာန်ဟူမူကား၊ ခုံပတ်လည်၌ အနား ရစ်အဆင့်ဆင့်ရှိ၍ အနားရစ်ကြားမှာ၊ |
29. | ခြင်္သေ့၊ နွား၊ ခေရုဗိမ်အပြောက်ရှိ၏။ အနားရစ် အပေါ်မှာ ခုံတခုတင်လျက် ရှိ၏။ ခြင်္သေ့နှင့်နွားအောက် ၌လည်း အပြောက်မျိုးရှိ၏။ |
30. | ခုံတခု၌ကြေးဝါလှည်းဘီးလေးခုစီ၊ ကြေးဝါဝင်ရိုး နှင့်တကွရှိ၏။ အင်တုံတင်စရာဘို့ ခုံလေးထောင့်၌ပခုံး တို့ကို ခုံနှင့်တစပ်တည်း သွန်းလေ၏။ |
31. | အင်တုံဝ၌ပါသော အကွပ်သည် အကျယ်တတောင်ရှိ၏။ အဝသည် ဝိုင်း၍ အချင်းတတောင်ထွာ ရှိ၏။ စတုရန်းလေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။ |
32. | ဘီးလေးခုတို့သည် ခုံမျက်နှာအောက်မှာနေရာ ကျလျက်၊ ဝင်ရိုးတို့သည် ခုံနှင့်စပ်လျက်၊ ဘီးအမြင့် တတောင်ထွာရှိ၏။ |
33. | ဘီးပုံကား ရထားဘီးနှင့်တူ၏။ ဝင်ရိုး၊ ဝင်ရိုး အိမ်၊ အကန့်၊ အကွပ်များကို သွန်းလေ၏။ |
34. | ခုံလေးထောင့်၌ တစပ်တည်းသွန်းသော ပခုံး လေးခုရှိသဖြင့်၊ |
35. | ထိုပခုံးပေါ်မှာလုံးပတ်တထွာရှိသော ကွင်းကို တပ်၍၊ ခုံပေါ်မှာ အနားရစ်နှင့် ကိုင်စရာများတို့ကို ခုံနှင့် တစပ်တည်း သွန်းလေ၏။ |
36. | ကိုင်စရာမျက်နှာနှင့် ခုံမျက်နှာပြင်၌ ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင်အစရှိသော အပြောက်မျိုး အသီး အသီးထင်ပေါ်လျက်ရှိ၏။ |
37. | ထိုသို့ပုံသဏ္ဌာန်အလုံးအရပ်တူအောင်၊ အင်တုံ တင်ရာခုံတဆယ်ကို သွန်း၍ပြီးလေ၏။ |
38. | အဝန်းလေးတောင်ကျယ်၍၊ ရေဗတ်လေးဆယ် ဝင်နိုင်သော ကြေးဝါအင်တုံတဆယ်ကိုလည်း လုပ်၍၊ ခုံတခုပေါ်မှာ အင်တုံတလုံးစီ တင်ထားလေ၏။ |
39. | အိမ်တော်လက်ျာဘက်၌ ခုံငါးခု၊ လက်ဝဲဘက်၌ ငါးခုကိုထား၍ ရေကန်ကိုကား၊ အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။ |
40. | ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့်၊ ရှောလမုန် မင်းကြီးအဘို့ ထာဝရ ဘုရား၏အိမ်တော်၌ လက်စသတ်သောအရာများဟူမူ ကား၊ |
41. | တိုင်နှစ်တိုင်၊ တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ် အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက်၊ |
42. | ဖုံးလွှမ်းစရာကွန်ရွက် တရွက်အဘို့သလဲသီး နှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊ |
43. | ခုံဆယ်ခု၊ ခုံပေါ်မှာ တင်ထားသော အင်တုံ ဆယ်လုံး၊ ရေကန်တကန်၊ ရေကန်ကို ထောက်သော နွားတဆယ်နှစ်ခု၊ အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ တည်း။ |
44. | ခုံဆယ်ခု၊ ခုံပေါ်မှာ တင်ထားသော အင်တုံ ဆယ်လုံး၊ ရေကန်တကန်၊ ရေကန်ကို ထောက်သော နွားတဆယ်နှစ်ခု၊ အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ တည်း။ |
45. | ရှောလမုန်မင်းကြီးအဘို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏ အိမ်တော်တန်ဆာတို့သည် ပြောင် ပြောင်တောက်သော ကြေးဝါဖြင့် ပြီးကြ၏။ |
46. | ယော်ဒန်ချိုင့်၊ သကုတ်မြို့နှင့် ဇာသန်မြို့ စပ်ကြားတွင် သရွတ်လုပ်စရာကောင်းသော မြေ၌ ရှင်ဘုရင်သွန်းလေ၏။ |
47. | ထိုတန်ဆာတို့သည် အလွန်များသောကြောင့်၊ ရှောလမုန်သည် မချိန်ဘဲသွန်းထား၏။ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ။ |
48. | ရှောလမုန်သည်လည်း ထာဝရဘုရား၏ အိမ်တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်စရာ ရွှေစားပွဲ၊ |
49. | ဗျာဒိတ်ဌာနတော်ရှေ့၊ လက်ျာဘက်၌ ရွှေစင် မီးခုံငါးခု၊ လက်ဝဲဘက်၌ငါးခု၊ ရွှေပန်းပွင့်၊ ရွှေမီးခွက်၊ မီးကိုင်တန်ဆာ၊ |
50. | ရွှေစင်ဖြင့်ပြီးသောခွက်များ၊ မီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အလွန်သန့်ရှင်းရာဌာနတော် အတွင်းခန်းတံခါးနှင့် ဗိမာန်တော်ပြင်ခန်းတံခါး ဆွဲထား သော ရွှေပတ္တာများတို့ကို လုပ်လေ၏။ |
51. | ထိုသို့ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏ အိမ်တော်အဘို့ ပြုလုပ်စီရင်သမျှအလုံးစုံတို့ကို လက် စသတ်ပြီးမှ၊ ခမည်းတော် ဒါဝိဒ်လှူသော ရွှေငွေ တန်ဆာများကို ဆောင်ခဲ့၍၊ ထာဝရဘုရား၏အိမ်တော် ဘဏ္ဍာစုထဲမှာ သွင်းထားလေ၏။ |
← 1Kings (7/22) → |