← 1Kings (18/22) → |
1. | ကာလအင်တန်ကြာ၍ သုံးနှစ်စေ့သောအခါ၊ ဧလိယသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ် တော်က၊ သင်သည် အာဟပ်မင်းအားသွား၍ ကိုယ်ကို ပြလော့။ ငါသည်လည်း မြေပေါ်မှာ မိုဃ်းရွာစေမည်ဟု မိန့်တော်မူသည်အတိုင်း၊ |
2. | ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့ သောငှါသွား၏။ ထိုအခါ ရှမာရိမြို့၌ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ၍၊ |
3. | အာဟပ်မင်းသည် နန်းတော်အုပ်ဩဗဒိကိုခေါ်၏။ ထိုဩဗဒိသည် ထာဝရဘုရားကို အလွန် ရိုသေသောသူ ဖြစ်၏။ |
4. | ယေဇဗေလသည် ထာဝရဘုရား၏ပရောဖက်တို့ကိုပယ်ဖြတ်သောအခါ၊ ဩဗဒိသည် ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးလေ၏။ |
5. | အာဟပ်ကလည်း၊ တပြည်လုံးသို့လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည် မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက်၊ |
6. | သူတို့သည် တပြည်လုံးကို နှံ့ပြားအောင် ဝေဖန်၍၊ အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီ ထွက်သွား ကြ၏။ |
7. | ဩဗဒိသည်သွားစဉ်အခါ၊ ဧလိယသည် ဆီး၍ကြို၏။ ဩဗဒိသည် ဧလိယကိုသိ၍ ပြပ်ဝပ်လျက်၊ ကိုယ်တော်သည် အကျွန်ုပ်သခင် ဧလိယမှန်ပါသလောဟု မေးလျှင်၊ |
8. | ဧလိယက ငါမှန်၏။ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ ဟု ပြောဆိုသော်၊ |
9. | ဩဗဒိကလည်း၊ ကိုယ်တော်ကျွန်၏ အသက်ကို သတ်စေခြင်းငှါ အာဟပ်၌ အပ်ရမည်အကြောင်း၊ ကိုယ် တော်ကျွန်သည် အဘယ်သို့ ပြစ်မှားဘိသနည်း။ |
10. | ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်ကို ရှာစေ ခြင်းငှါ အကျွန်ုပ်သခင်မစေလွှတ်သော တိုင်းနိုင်ငံတခုမျှ မရှိပါ။ တကျွန်းတနိုင်ငံသားက၊ ဧလိယမရှိပါဟု လျှောက်သောအခါ၊ ကိုယ်တော်ကို ရှာ၍မတွေ့နိုင်ဟု ထိုတိုင်းနိုင်ငံသားတို့သည် အကျိန်ကိုခံရကြပါ၏။ |
11. | ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု မိန့် တော်မူပါသည်တကား။ |
12. | အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာ လျှောက်စဉ်တွင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန်မူကား၊ အသက်ငယ်စဉ်ကာလ မှစ၍ ထာဝရဘုရားကို ရိုသေပါပြီ။ |
13. | ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက် တို့ကို သတ်သောအခါ၊ အကျွန်ုပ်ပြုသောအမှုတည်း ဟူသော ထာဝရဘုရား၏ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီ ဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးကြောင်းကို အကျွန်ုပ်သခင်ကြားတော်မမူသလော။ |
14. | ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု ကိုယ်တော်မိန့်တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည်ဟု ပြန်ဆို၏။ |
15. | ဧလိယကလည်း၊ ငါကိုးကွယ်သော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက် ရှင်တော်မူသည် အတိုင်း၊ ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကို အမှန်ပြမည်ဟု ဆိုပြန်သော်၊ |
16. | ဩဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည် ဧလိယကို ကြိုဆိုအံ့သောငှါ သွား၍၊ |
17. | တွေ့မြင်သောအခါ၊ သင်သည် ဣသရေလ အမျိုးကို နှောင့်ရှက်သောသူမှန်သလောဟု မေးလျှင်၊ |
18. | ဧလိယက၊ ငါသည်ဣသရေလအမျိုးကို မနှောင့်ရှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား၏ ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအမျိုးကို နှောင့်ရှက်ကြပြီ။ |
19. | သို့ရာတွင်လူကို ယခုစေလွှတ်၍ ဣသရေလ အမျိုးသားအပေါင်းတို့ကို၎င်း၊ ဗာလပရောဖက်လေးရာ ငါးဆယ်ကို၎င်း၊ ယေဇဗေလစားပွဲ၌ စားသောအာရှရပရောဖက်လေးရာကို၎င်း၊ ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့ဟုဆိုသည်အတိုင်း၊ |
20. | အာဟပ်သည် ဣသရေလအမျိုးသားအပေါင်း တို့ရှိရာသို့ စေလွှတ်၍၊ ပရောဖက်တို့ကို ရမေလတောင် ပေါ်မှ စုဝေးစေ၏။ |
21. | ဧလိယသည် လူများရှိရာသို့ လာ၍၊ သင်တို့ သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင်၊ လူများတို့ သည် တိတ်ဆိတ်စွာ နေကြ၏။ |
22. | တဖန် ဧလိယက၊ ထာဝရဘုရား၏ ပရောဖက်ကား ငါတယောက်တည်း ကျန်ရစ်၏။ ဗာလ၏ပရော ဖက်ကား လေးရာငါးဆယ် ရှိကြ၏။ |
23. | နွားနှစ်ကောင်ကို ပေးကြလော့။ သူတို့သည် တကောင်ကိုရွေး၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်း နွားတကောင်ကို လုပ်၍ထင်းပေါ်မှာ တင်မည်။ မီးကိုမထည့်။ |
24. | သင်တို့သည် သင်တို့ဘုရားများ၏ နာမကို ဟစ်ခေါ်ကြလော့။ ငါလည်း ထာဝရဘုရား၏ နာမတော် ကို ဟစ်ခေါ်မည်။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေဟု လူများတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။ |
25. | တဖန်ဧလိယက၊ သင်တို့သည် များသောကြောင့် နွားတကောင်ကို အရင်ရွေး၍ လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ် ကြလော့ဟု ဗာလ၏ပရောဖက်တို့အားဆိုသည်အတိုင်း၊ |
26. | သူတို့သည် လူများပေးသော နွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ဗာလ၏ နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။ |
27. | မွန်းတည့်အချိန်၌ ဧလိယက၊ ကျယ်သောအသံ နှင့် ဟစ်ကြလော့။ ဗာလသည် ဘုရားဖြစ်တော်မူ၏။ ဆင်ခြင်လျက် နေတော်မူ၏။ သို့မဟုတ် တစုံတခုကို လိုက်၍ရှာတော်မူ၏။ သို့မဟုတ် ခရီးသွားတော်မူ၏။ သို့မဟုတ် ကျိန်းစက်တော်မူသောကြောင့်၊ တစုံတယောက် သောသူသည် နှိုးရမည်ဟု ပြက်ယယ်ပြု၍ဆို၏။ |
28. | သူတို့သည်လည်း ကျယ်သောအသံနှင့် ဟစ်၍ ထုံးစံရှိသည်အတိုင်း၊ ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှါ ထား၊ သံစူးနှင့်ကိုယ်ကို ရှစေကြ၏။ |
29. | မွန်းလွှဲ၍ ညဦးယံယဇ်ပူဇော်ချိန်တိုင်အောင် ပရောဖက်ပြုကြသော်လည်း၊ ဗျာဒိတ်သံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊ |
30. | ဧလိယက၊ ငါ့အနီးသို့လာကြလော့ဟု လူများတို့ကိုခေါ်သည်အတိုင်း၊ လူအပေါင်းတို့သည် အနီးသို့လာကြ၏။ ထိုအခါဧလိယသည် ပြိုပျက်သော ထာဝရဘုရား၏ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ၊ |
31. | သင်၏အမည်ကား ဣသရေလဖြစ်ရမည်ဟူသော ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သား အမျိုးအနွယ် အရေအတွက်အတိုင်း၊ ကျောက်တဆယ်နှစ်လုံးကိုယူ၍၊ |
32. | ထာဝရဘုရား၏ နာမတော်အဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ၊ မျိုးစေ့နှစ်တင်းလောက်ဝင်နိုင်သော ကျုံးကို ယဇ်ပလ္လင်ပတ်လည်၌ တူးလေ၏။ |
33. | ထင်းကိုစီ၍နွားကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်လေ၏။ |
34. | အိုးလေးလုံးကိုရေနှင့် အပြည့်ထည့်၍၊ မီးရှို့စရာ ယဇ်နှင့်ထင်းပေါ်မှာလောင်းကြလော့ဟု ဆိုသည်အတိုင်း သူတို့သည် လောင်းပြီးမှ၊ တဖန်လောင်းကြဦးလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ၊ သုံးကြိမ် တိုင်အောင် လောင်းကြလော့ဟုဆိုသည်အတိုင်း၊ သူတို့သည် သုံးကြိမ်တိုင်အောင် လောင်းကြ၏။ |
35. | ရေသည် ယဇ်ပလ္လင်ပတ်လည်၌ စီး၍ကျုံးသည်လည်း ရေနှင့်ပြည့် လေ၏။ |
36. | ညဦးယံ ယဇ်ပူဇော်ချိန်ရောက်သောအခါ၊ ပရောဖက်ဧလိယသည် ချဉ်းလာ၍၊ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ဘုရားသခင် ဖြစ်တော်မူ ကြောင်းကို၎င်း၊ အကျွန်ုပ်သည် ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကို ၎င်း၊ ယနေ့သိကြပါစေသော။ |
37. | အိုထာဝရဘုရား၊ ကိုယ်တော်သည် ထာဝရအရှင်ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ ဤလူတို့ စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကို၎င်း၊ သူတို့သည် သိစေခြင်းငှါ အကျွန်ုပ်စကားကိုနားထောင် တော်မူပါ။ နားထောင်တော်မူပါဟု ဆုတောင်းလေ၏။ |
38. | ထိုအခါ ထာဝရဘုရား၏မီးသည် ကျသဖြင့်၊ မီးရှို့ရာယဇ်အစရှိသော ထင်း၊ ကျောက်၊ မြေမှုန့်ကို လောင်၍ကျုံး၌ရှိသော ရေကိုလည်း ခန်းခြောက်စေ၏။ |
39. | လူအပေါင်းတို့သည် မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြ၏။ |
40. | ဧလိယကလည်း၊ ဗာလ၏ပရောဖက်တို့ကို ဘမ်းဆီးကြလော့။ တယောက်ကိုမျှ မလွတ်စေနှင့်ဟုစီရင် သည်အတိုင်း၊ သူတို့ကို ဘမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။ |
41. | ထိုနောက်မှ ဧလိယက၊ မင်းကြီးသည် စား သောက်ခြင်းငှါ တက်သွားပါလော့။ များစွာသော မိုဃ်းရွာ မည့်အသံရှိသည်ဟု အာဟပ်အား ပြောဆိုလျှင်၊ |
42. | အာဟပ်သည်စားသောက်ခြင်းငှါ တက်သွား၏။ ဧလိယသည် ကရမေလတောင်ပေါ်သို့ တက်၍၊ မြေ၌ ပြပ်ဝပ်လျက်မျက်နှာကို ဒူးကြားမှာ ထားလျက်၊ |
43. | မိမိကျွန်အားသင်တက်၍ ပင်လယ်သို့ ကြည့်ရှုလော့ဟုဆိုသည်အတိုင်း၊ ကျွန်သည်တက်၍ ကြည့်ရှုလျှင်၊ အဘယ်အရာမျှ မရှိပါဟု ပြောဆို၏။ ဧလိယက၊ ခုနစ် ကြိမ်တိုင်အောင်သွား၍ ကြည့်ရှုဦးလော့ဟု ဆို၏။ |
44. | ခုနစ်ကြိမ်မြောက်သောအခါ၊ လူလက်နှင့် တူသော မိုဃ်းတိမ်ငယ်တခုသည် ပင်လယ်ထဲက တက်ပါ ၏ဟုဆိုသော်၊ အာဟပ်မင်းထံသို့ သွားလော့။ မိုဃ်းရွာ၍ ဆီးတားမည်ကိုစိုးရိမ်စရာရှိသောကြောင့်၊ မင်းကြီး ပြင်ဆင်၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့ ဟု မှာလိုက်လေ၏။ |
45. | မကြာမမြင့်မှီ မိုဃ်းကောင်းကင်သည် မိုဃ်းသက်မုန်တိုင်းနှင့် မည်း၍ ပြင်းစွာမိုဃ်းရွာ၏။ အာဟပ် သည် ရထားစီး၍ ယေဇရေလမြို့သို့ သွား၏။ |
46. | ထာဝရဘုရား၏လက်တော်သည် ဧလိယအပေါ်မှာရှိ၍၊ သူသည် ခါးပန်းကိုစည်းလျက် အာဟပ်မင်း အရင် ယေဇရလမြို့ တံခါးဝသို့ ပြေးလေ၏။ |
← 1Kings (18/22) → |