← 1Corinthians (14/16) → |
1. | ချစ်ခြင်းမေတ္တာကို မှီအောင်လိုက်ကြလော့။ ဝိညာဉ်ဆုကျေးဇူးတို့ကို အလွန်အလိုရှိသည်တွင်၊ ပရော ဖက်ပြုရသော အခွင့်ကိုသာ၍ လိုချင်သောစိတ်ရှိ ကြလော့။ |
2. | အကြောင်းမူကား၊ အခြားသောဘာသာစကားအားဖြင့် ပြောသောသူသည် လူတို့အားမပြော၊ ဘုရား သခင်အားပြော၏။ သူ၏စကားကို အဘယ်သူမျှ နားမလည်။ နက်နဲသောအရာတို့ကို ဝိညာဉ်တော်အားဖြင့် ပြော၏။ |
3. | ပရောဖက်ပြုသောသူမူကား၊ တည်ဆောက်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ သက်သာခြင်းအလိုငှါ လူတို့အားဟောပြော၏။ |
4. | အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည် ကိုယ်ကိုသာ တည်ဆောက်၏။ ပရောဖက် ပြုသောသူမူကား၊ အသင်းတော်ကို တည်ဆောက်၏။ |
5. | သင်တို့ရှိသမျှသည် အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှါ ငါအလိုရှိ၏။ ပရောဖက်ပြုစေခြင်းငှါ သာ၍အလိုရှိ၏။ အကြောင်းမူကား၊ အခြားသော ဘာသာစကားဖြင့် ပြောသောသူသည်၊ အသင်းတော်ကို တည်ဆောက်ခြင်းငှါ အနက်ကို မဘော်မပြလျှင်၊ သူ့ထက်ပရောဖက် ပြုသောသူသည်သာ၍မြတ်သတည်း။ |
6. | ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့လာ၍ အခြားသော ဘာသာစကားဖြင့် ဟောပြောသော်လည်း၊ ဗျာဒိတ်တော်ကိုပြန်ခြင်း၊ ပညာအတတ်ကိုသင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်းတခုခုကို မပြုဘဲ လျက်၊ သင်တို့အားပြောလျှင် အဘယ်အကျိုးရှိအံ့နည်း။ |
7. | ထိုနည်းတူ၊ အသံမြည်တတ်သော အဝိညာဏကစောင်း၊ ပုလွေတို့သည် သေချာသောအသံနှင့် မမြည် လျှင်၊ စောင်းသံ၊ ပုလွေသံတို့ကို အဘယ်သို့သိနိုင်မည်နည်း။ |
8. | တံပိုးခရာသည်လည်း၊ မမှန်သောအသံနှင့် မြည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှါ မိမိကိုယ်ကို ပြင်ဆင်မည်နည်း။ |
9. | ထိုနည်းတူ၊ သင်တို့သည် နားလည်လွယ်သော စကားကို နှုတ်ဖြင့် မမြွက်လျှင်၊ မြွက်သောစကားကို အဘယ်သို့သိနိုင်မည်နည်း။ အာကာသကောင်းကင်ကို ပြောသောသူကဲ့သို့ ဖြစ်လိမ့်မည်။ |
10. | လူပြည်၌ ဘာသာစကားမျိုးတို့သည် ဤမျှ လောက်များ၍၊ ရှိသမျှတို့သည် အနက်နှင့်ပြည့်စုံသည် မှန်စေတော့။ |
11. | ဘာသာစကား၏အနက်ကို ငါနားမလည်လျှင်၊ ပြောသော သူအားငါသည် လူရိုင်းဖြစ်လိမ့်မည်။ ပြော သောသူသည်လည်း၊ ငါ့အား လူရိုင်းဖြစ်လိမ့်မည်။ |
12. | သို့ဖြစ်၍ သင်တို့သည် ဝိညာဉ်ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ အသင်းတော်ကို တည်ဆောက်ခြင်းငှါ ကြွယ်ဝပြည့်စုံမည်အကြောင်း ကြိုးစားကြလော့။ |
13. | ထိုကြောင့် အခြားသော ဘာသာစကားကို ပြန်ပြောသော သူသည်၊ အနက်ကိုလည်း ဘော်ပြနိုင်မည် အကြောင်း ဆုတောင်းစေ။ |
14. | အဘယ်ကြောင့်နည်းဟူမူကား၊ အခြားသော ဘာသာစကားဖြင့် ငါဆုတောင်းလျှင်၊ ငါ့စိတ်နှလုံး ဆုတောင်းသော်လည်း၊ ငါ့ဉာဏ်သည် အကျိုးကိုမပေး။ |
15. | သို့ဖြစ်လျှင်၊ အဘယ်သို့ပြုရမည်နည်း။ စိတ်နှလုံးနှင့်၎င်း၊ ဉာဏ်နှင့်၎င်း၊ ဆုတောင်းရမည်။ စိတ်နှလုံး နှင့်၎င်း၊ ဉာဏ်နှင့်၎င်း သီချင်းဆိုရမည်။ |
16. | သို့မဟုတ် သင်သည် စိတ်နှလုံးနှင့် ကျေးဇူးတော်ကို ချီးမွမ်းသောအခါ၊ မတတ်သော လူစုအဝင်ဖြစ်သော သူသည် သင်၏စကားကို နားမလည်သောကြောင့်၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းသို့လိုက်၍၊ အာမင်ဟု အဘယ်သို့ ဝန်ခံနိုင်မည်နည်း။ |
17. | သင်သည် ကျေးဇူးတော်ကို ကောင်းမွန်စွာ ချီးမွမ်းသည် မှန်စေတော့။ အခြားသောသူမူကား၊ တည် ဆောက်ခြင်းအကျိုးမရှိ။ |
18. | ငါသည် သင်တို့ရှိသမျှထက်၊ အခြားသော ဘာသာစကားဖြင့် ဟောပြောသောအရာကို ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၏။ |
19. | သို့သော်လည်း၊ အသင်းတော်၌ အခြားသော ဘာသာစကားဖြင့် စကားတသောင်းကို ပြောနိုင်သည် ထက်၊ သူတပါးတို့ကို သွန်သင်ခြင်းငှါ စကားငါးခွန်းကို ဉာဏ်နှင့်တကွ ပြောနိုင်သော အခွင့်ကို သာ၍အလိုရှိ၏။ |
20. | ညီအစ်ကိုတို့၊ သင်တို့သည် ဉာဏ်အရာ၌ သူငယ်မဖြစ်ကြနှင့်။ မတရားသောအမှုအရာ၌ နို့စို့ သူငယ်ဖြစ်ကြလော့။ |
21. | ပညတ္တိကျမ်းစာ၌လာသည်ကား၊ အခြားတပါးသောလျှာ၊ အခြားတပါးသောနှုတ်နှင့် ဤလူမျိုးကို ငါပြောမည်။ သို့သော်လည်း သူတို့သည် နားမထောင်ကြဟု ထာဝရဘုရားမိန့်တော်မူ၏။ |
22. | သို့ဖြစ်၍ အခြားသော ဘာသာစကားတို့သည် ယုံကြည်သော သူတို့အား နိမိတ်လက္ခဏာဖြစ်သည် မဟုတ်။ မယုံကြည်သောသူတို့အား နိမိတ်လက္ခဏာ ဖြစ်သတည်း။ ပရောဖက်ပြုခြင်းအမှုမူကား၊ မယုံကြည် သော သူတို့အဘို့မဟုတ်၊ ယုံကြည်သော သူတို့အဘို့ ဖြစ်သတည်း။ |
23. | ထိုကြောင့် သင်းဝင်သူအပေါင်းတို့သည် စည်းဝေး၍ အခြားသော ဘာသာဖြင့် ဟောပြောလျက် နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်တို့ကို သူရူးဖြစ်ကြသည်ဟု ပြောမည် မဟုတ်လော။ |
24. | သို့မဟုတ် သင်းဝင်သူ အပေါင်းတို့သည် ပရောဖက်ပြု၍ နေကြစဉ်တွင်၊ မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်းဝင်သူအပေါင်းတို့သည် သူ၏အပြစ်ကို ဘော်ပြ၍ သူ့ကို စစ်ကြောစီရင် ကြ၏။ |
25. | ထိုသို့သူ၏ စိတ်နှလုံး၌ မထင်ရှားသောအရာတို့သည် ထင်ရှားပြန်၍ သူသည် ပြပ်ဝပ်လျက်၊ ဘုရား သခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် သင်တို့တွင် အမှန်ရှိတော်မူသည်ဟု သက်သေခံလိမ့်မည်။ |
26. | ညီအစ်ကိုတို့၊ အဘယ်သို့နည်း။ သင်တို့စည်းဝေးကြသောအခါ၊ ဆာလံသီချင်းကို ရသောသူ၊ ဆုံးမဩဝါဒ စကားကို ရသောသူ၊ အခြားသောဘာသာစကားကို ရသောသူ၊ ဗျာဒိတ်တော်ကိုရသောသူ၊ အနက်ဘော်ပြရာ ကိုရသောသူ၊ အသီးအသီးရှိကြသည်ဖြစ်၍၊ ခပ်သိမ်း သောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှါ စီရင်ကြ လော့။ |
27. | အခြားသော ဘာသာစကားဖြင့် ဟောပြော သော သူရှိလျှင်၊ နှစ်ယောက်ဖြစ်စေ၊ အများဆုံးဆိုသော် သုံးယောက်ဖြစ်စေ၊ တယောက်နောက်တယောက် ပြော၍ တယောက်သောသူသည် အနက်ကိုဘော်ပြစေ။ |
28. | စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအား၎င်း၊ ဘုရား သခင်အား၎င်း ပြောစေ။ |
29. | ပရောဖက်နှစ်ယောက်ဖြစ်စေ၊ သုံးယောက် ဖြစ်စေ၊ ဟောပြော၍ အခြားသော သူတို့သည် စစ်ကြော ဆင်ခြင်ကြစေ။ |
30. | ထိုင်လျက်နေသောသူအား တစုံတခုကို ဖွင့်ပြတော်မူလျှင်၊ အရင်ဟောပြောသောသူသည် တိတ်ဆိတ် စွာနေစေ။ |
31. | အကြောင်းမူကား၊ ရှိသမျှတို့သည် သင်ခြင်းငှါ၎င်း၊ ရှိသမျှတို့သည် သက်သာခြင်းငှါ၎င်း၊ သင်တို့ အသီးအသီး တယောက်နောက် တယောက်ပရောဖက် ပြုရသော အခွင့်ရှိကြ၏။ |
32. | ပရောဖက်တို့သည်လည်း၊ မိမိတို့စိတ်ဝိညာဉ်ကို ချုပ်တည်းနိုင်ကြ၏။ |
33. | ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။ သန့်ရှင်းသူတို့၏ အသင်းတော်အပေါင်း တို့၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။ |
34. | သင်တို့၏ မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာ နေကြစေ။ သူတို့သည် ဟောပြောရသော အခွင့်မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့ သည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံရကြမည်။ |
35. | မိန်းမတို့သည် တစုံတခုကိုသင်လိုလျှင်၊ အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည် အသင်း တော်၌ ဟောပြောလျှင် ရှက်ဘွယ်သော အကြောင်း ဖြစ်၏။ |
36. | ဘုရားသခင်၏နှုတ်ကပတ် တရားတော်သည် သင်တို့မှ ထွက်သလော။ သို့မဟုတ် သင်တို့သို့သာ ရောက်သလော။ |
37. | ငါသည်သင်တို့အား ရေး၍ပေးလိုက်သော စကားတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်း ကို၊ ပရောဖက်ဖြစ်သောသူ၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသူမည်သည်ကား ဝန်ခံပါစေ။ တစုံတယောက် သော သူသည် မသိလျှင် မသိဘဲနေစေ။ |
38. | အချုပ်အခြာဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် ပရောဖက် ပြုခြင်းငှါ အလွန်အလိုရှိကြလော့။ |
39. | အခြားသော ဘာသာစကားဖြင့် ဟောပြောခြင်း အမှုတို့ကိုလည်း မမြစ်တားကြနှင့်။ |
40. | ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့။ |
← 1Corinthians (14/16) → |