← 1Chronicles (2/29) → |
1. | ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊ |
2. | ဒန်၊ယောသပ်၊ ဗင်္ယာမန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။ |
3. | ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီး တွင် မြင်သော သားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီးဧရသည် ထာဝရဘုရား ရှေ့တော်၌ ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။ |
4. | ချွေးမတာမာတွင် မြင်သောသားကား ဖာရက် နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက် တည်း။ |
5. | ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း။ |
6. | ဇာရသားကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလ ကောလ၊ ဒါရ၊ ပေါင်းငါးယောက်တည်း။ |
7. | ဇိမရိသားဖြစ်သော ကာမိ၏သားကား ကျိန်ဆဲ အပ်သောအရာကိုယူ၍ ပြစ်မှားသဖြင့်၊ ဣသရေလအမျိုး ကို နှောင့်ရှက်သော အာခန်တည်း။ |
8. | ဧသန်သားကား အဇရိတည်း။ |
9. | ဟေဇရုံမြင်သော သားကား ယေရမေလ၊ အာရံ၊ ကာလက်တည်း။ |
10. | အာရံသားကား အမိနဒပ်၊ အမိနဒပ် သားကား၊ ယုဒအမျိုးသားတို့တွင် ဗိုပ်လုပ်သော နာရှုန်တည်း။ |
11. | နာရှုန်သားစာလမုန်၊ စာလမုန်သားဗောဇ၊ |
12. | ဇောဇသား ဩဗက်၊ ဩဗက်သားယေရှဲတည်း။ |
13. | ယေရှဲသားဦးကား ဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊ |
14. | စတုတ္ထသား နာသနေလ၊ ပဉ္စမသား ရဒ္ဒဲ၊ |
15. | ဆဋ္ဌမသားဩဇင်၊ သတ္ထမသား ဧလိဟု၊ အဋ္ဌမသားဒါဝိဒ် တည်း။ |
16. | သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကား အဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်း သုံးယောက်တည်း။ |
17. | အဘိဂဲလသားကား အာမသ၊ အာမသအဘ ကား ဣရှမေလအမျိုးယေသာတည်း။ |
18. | ဟေဇရုံသား ကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ၊ ရှောဗပ်၊ အာဒုန်တည်း။ |
19. | အဇုဘသေသောနောက် ဧဖရတ်ကို သိမ်း၍ ဟုရကို မြင်ပြန်လေ၏။ |
20. | ဟုရသားကား ဥရိ၊ ဥရိသားကား ဗေဇလေ လတည်း။ |
21. | ထိုနောက်၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော်၊ ဂိလဒ်အဘမာခိရ၏သမီးနှင့် စုံဘက်၍ စေဂုပ် ကို မြင်လေ၏။ |
22. | စေဂုပ်သားကား ယာဣရတည်း။ ထိုသူသည် ဂိလဒ်ပြည်၌ မြို့နှစ်ဆယ်သုံးမြို့ကို ပိုင်၏။ |
23. | ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏သားမြေးတို့သည် ပိုင်ကြ၏။ |
24. | ဟေဇရုံသည်က၏ ကာလက်ဧဖရတ်မြို့၌ သေသောနောက်၊ သူ၏မယား အဘိသည် သူ၏သား အာရှုရကို ဘွားမြင်၏။ အားရှုရသား ကာတေကော တည်း။ |
25. | ဟေဇရုံ၏ သားဦးယေရမေလ သားကား သားဦးအာရံမှစ၍ ဗုန၊ ဩရင်၊ ဩဇင်၊ အဟိယတည်း။ |
26. | အာတရအမည်ရှိသော အခြားမယားတွင် ဩနံကိုမြင်၏။ |
27. | ယေရမေလ၏ သားဦး အာရံသားကားမာဇ၊ ယာမိန်၊ ဧကာတည်း။ |
28. | ဩနံသားကားရှမ္မဲနှင့် ယာဒတည်း။ ရှမ္မဲသား ကား နာဒပ်နှင့် အဘိရှုရတည်း။ |
29. | အဘိဟဲလ အမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဘွားမြင်၏။ |
30. | နာဒပ်သားကား သေလက်နှင့် အပ္ပိမ်တည်း။ သေလက်၌သားမရှိ။ |
31. | အပ္ပိမ်သားကား ဣရှိ၊ ဣရှိသားရှေရန်၊ ရှေရှန်သား အာလဲတည်း။ |
32. | ရှမ္မဲညီယာဒသားကား ယေသာနှင့်ယောနသန် တည်း။ ယေသာ၌ သားမရှိ။ |
33. | ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း။ |
34. | ရှေရှန်၌သားမရှိ။ သမီးသက်သက်ရှိ၏။ ရှေရှန် ၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန် ယောက်ျားတယောက်ရှိ၍၊ |
35. | ထိုကျွန်နှင့်သမီးတယောက်ကို ပေးစားသဖြင့်။ သမီးသည် အဘတို့သားအတ္တဲကို ဘွားမြင်၏။ |
36. | အတ္တဲသားကား နာသန်၊ နာသန်သားဇာဗဒ်။ |
37. | ဇာဗဒ်သားဧဖလလ။ ဧဖလလသားဩဗက်၊ |
38. | ဩဇက်သားယေဟု၊ ယေဟုသား အာဇရိတည်း။ |
39. | အာဇရိသားကား ဟေလက်၊ ဟေလက်သား ဧလာသ၊ |
40. | ဧလာသသားသိသမဲ၊ သိသမဲသား ရှလ္လုံ၊ |
41. | ရှလ္လုံသား ယေကမိ၊ ယေကမိ သားဧလိရှမာ တည်း။ |
42. | ယေရမေလ၏ညီ ကာလက်သားဦးကား မေရှ၊ မေရှသားဇိဖ၊ ဇိဖသားမရေရှ၊ မရေရှသား ဟေဗြုန်၊ |
43. | ဟေဗြုန်သား ကောရ၊ တာပွါ၊ ရေကင်၊ ရှေမ တည်း။ |
44. | ရှေမသားကားရာဟံ၊ ရာဟံသားယော်ကောင် တည်း။ ရေကင်သားကား ရှမ္မဲ၊ |
45. | ရှမ္မဲသား မောန၊ မောနသားဗက်ဇုရတည်း။ |
46. | ကာလက်မယားငယ်သည် လည်းဟာရန်၊ မောဇ၊ ဂါဇက်တို့ကို ဘွားမြင်၏။ ဟာရန်သားကား ယာဒဲ တည်း။ |
47. | ယာဒဲသားကားရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖ တည်း။ |
48. | ကာလက်မယားငယ်မာခါသည်လည်း၊ ရှေဗာနှင့် တိရဟာနကို၎င်း၊ |
49. | မာဒမေနအဘရှာဖ၊ မာခဗေနအဘရှေဝ၊ ဂိအာအဘကို၎င်း ဘွားမြင်၏။ ကာလက်သမီးကား အာခသတည်း။ |
50. | ဧဖရတ်သားဦး ဟုရ၏သားဖြစ်သော ကာလက် သားကား၊ ကိရယတ်ယာရိမ် အဘရှောဗာလ၊ |
51. | ဗက်လင်အဘစလမ၊ ဗက်ဂါဒါအဘဟာရပ် တည်း။ |
52. | ကိရယတ်ယာရိမ်အဘ ရှောဗာလသားဟူမူ ကား၊ ဟာရောနှင့်မနဟေသိ အမျိုးတပိုင်း၊ |
53. | ကိရယတ်ယာရိမ်အမျိုးမျိုး၊ ဣသရိလူ၊ ဖုဟိလူ၊ ရှုမသိလူ၊ မိရှရိလူတည်း။ ထိုအမျိုးထဲက ဖာရာသိလူနှင့် ဧရှတောလိလူဖြစ်သတည်း။ |
54. | စလမသားဟူမူကား၊ ဗက်လင်နှင့် နေတော ဖာသိလူ၊ အတရုတ်၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတပိုင်း၊ ဇောရိလူ၊ |
55. | ယာဗက်မြို့၌နေသော ရှောဖရိလူ၊ တိရသိလူ၊ ရှိမသိလူ၊ စုခသိလူတည်း။ ထိုသူတို့သည် ရေခပ်အမျိုး၏ အဘဟေမတ်မှ ဆင်းသက်သော ကိနိအမျိုး၏ အဘ ဟေမတ်မှဆင်းသက်သော ကိနိအမျိုးဖြစ်သတည်း။ |
← 1Chronicles (2/29) → |